အရမ်းကို များလာတဲ့ Miss တွေဟာ ပြည်တွင်းမှာ အနိုင်ရပြီး ပြည်ပ ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားစေလွှတ်ခြင်း ခံခဲ့ရသော်လည်း မည်သည့် ဆုမှ မရကာ ပြန်လာခဲ့ရသည်က များပါတယ်။ သို့ပေမယ့် Miss ငယ်ငယ်လေးတွေထက်ပိုပြီး စွမ်းဆောင်နိုင်ကြောင်းကို သက်သေပြလိုက်တဲ့ အသက် ၄၅ နှစ်အထက် Mrs ဖြစ်တဲ့ သူတို့ကတော့...

ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ မြန်မာ ကိုယ်စားပြုအနေနှင့် အသက် ၄၅ နှစ်အထက်နှင့် အသက် ၄၅ နှစ်အောက် Mrs International ပွဲသို့ ဒေါ် စိမ်းနှင့် ဒေူ သင်းခိုင်တို့ သွားပြိုင်တဲ့အခါမှာ ဆုအသီးသီး ဆွပ်ခူးရရှိခဲ့ပါတယ်။ ဒေါ်သင်းခိုင်ကတော့ Best Mom ဆု ရရှိခဲ့ပြီး ဒေါ်စိမ်းကတော့ Elegance Beauty, Royal Beauty ဆု နှစ်ဆုရရှိခဲ့ပါတယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတဲ့အတိုင်း ထိုပွဲကို သွားပြိုင်ခဲ့တဲ့ Mrs နှစ်ယောက်ဟာ ကောင်းကောင်းကြိုးစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အချို့သော Miss များမှာတော့ အရည်အချင်း အပြည့်မှီ၊ ညစ်ပွဲ လုပ်ပွဲ တွေ နှင့် နိုင်ငံ့ကိုယ်စား သွားပြိုင်ခဲ့ကြပြီး အရှက်ကွဲခဲ့တာတွေအများကြီးပါ။ မိမိကိုယ်ကို အထင်ကြီးနေတဲ့ Miss များ ကြိုးစားအားထုတ်ဖို့ အများကြီးလိုသေးကြောင်းနှင့် အတုယုမိစေရန်ဖော်ပြလိုက်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။