အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က Gaggi Bansra ဆိုတဲ့ အသက် ၂၁နှစ်အရွယ် လယ်သမားလေး တစ်ယောက်ဟာ လယ်ထွန်စက်နဲ့ စတန့်ထွင်ပြနိုင်ဖို့ လေးနှစ်ကျော်လောက် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ သူဟာ သူ့အဖေရဲ့ လယ်မြေ မှာ အလုပ်လုပ်နေစဉ် လယ်ထွန်စက်နဲ့ စတန့်ထွင်ဖို့ စိတ်ကူးရခဲ့တာပါ။

သူဟာ ငယ်စဉ်ကတည်းက စတန့်ထွင်ရတာကို ၀ါသနာပါသူဖြစ်ပြီး လယ်သမားကြီးရဲ့ တစ်ဦးတည်းသော သားလည်းဖြစ်ပါတယ်။ Gaggi ကပြောကြားရာမှာ "ကျွန်တော်က အခုလို စတန့်ထွင်ပြီး လယ်ထွန်စက်ကို မောင်းရတာကိုသဘောကျပါတယ်။ စတန့်ထွင် ရတဲ့အချိန်မှာ ပြောမပြတတ်အောင် ပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ သူဟာ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် ၀ယ်ဖို့မတတ်နိုင်တာကြောင့် ရှိတဲ့ လယ်ထွန်စက်နဲ့ပဲ စတန့်ထွင်ဖို့ လေ့ကျင့်ခဲ့ရတာပါ။

သူကဆက်ပြီး "ကျွန်တော် စတန့်ထွင်တဲ့ ဗီဒီယိုတွေ တစ်ခါမှ မကြည့်ဖူးပါဘူး၊ ဒီလို လယ်ထွန်စက်အကြီးကြီး တွေ နဲ့စတန့်ထွင် ကြည့်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အစပထမ မှာတော့ စတန့်ထွင်ဖို့ တကယ်မလွယ်ကူခဲ့ပါဘူး၊ လယ်ထွန်စက်က လှုပ်တောင်မလှုပ်ခဲ့ဘူး၊ ဒါပေမယ့် သုံးလအကြာမှာတော့ လုပ်နိုင်ခဲ့ပါတယ်" လို့သူကပြောပါတယ်။ 

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။