တနင်္ဂနွေညကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၅)ကို ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲတွေထဲမှာတော့ လန်ဒန်ဒါဘီပွဲစဉ်ကောင်းတစ်ခု ပါ၀င်လာပါတယ်။ အာဆင်နယ်နှင့်ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ချယ်ဆီးတို့ကတော့ ရာသီ အဖွင့်ပွဲမှာ အာဆင်နယ်ကို ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ချယ်ဆီးနှင့်အာဆင်နယ်တို့၏ ပွဲကတော့ ပွဲစတယ်ဆိ်ုတာနှင့် ဘတစ်ပြန် ကျားတစ်ပြန် ကစားခဲ့ပါတယ်။ သိူ့သော် ချယ်ဆီးအသင်းတိုက်စစ်ကတော့ ညံံနေခဲ့ပါတယ်။ အာဆင်နယ်ဘက်က အပိုင်အလုံးများစွာရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ချယ်ဆီးဘက်က ဒေးဗစ်လူစ် အနီနှင့်ထွက်ခဲ့ရပေမယ့် အာဆင်နယ်တို့ အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပွဲအပြီးမှာ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးခဲ့ပါတယ်။

ပွဲပြီးမှာတော့ အာဆင်နယ်ကစားသမား ဘယ်လာရင်က ချယ်ဆီးကိုအနိုင်မရလို့ စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်း၏ တရားဝင်ဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ ဘယ်လာရင်က " ကျနော် စိတ်ပျက်မိပါတယ် ဘာလို့လဲဆိုတော့ ကျနော်တို့မှာ အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့လို့ပါပဲ။ အမှန်တိုင်း ပြောရရင်တော့ သူတို့အသင်းမှာလဲ အခွင့်ရေး အနည်းငယ်တော့ ရှိခဲ့ပါတယ် ဒါပေမယ့် ကျနော်တို့သာ ပွဲအစကတည်းက ခြေစွမ်းပြခဲ့မယ်၊ ရတဲ့ အခွင့်အရေးတွေလဲ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့မယ်ဆိုရင် ရလာဒ်တွေက အများကြီးကို ပြောင်းလဲသွားနိုင်ပါတယ်။ သေချာတာကတော့ စတမ်းဖို့ဒ်ဘရစ်ချ်ဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ နေရာတစ်ခုပါ။ သရေတစ်မှတ်အတွက် စိတ်မပျက်သင့်ပေမယ့်၊ ရခဲ့တဲ့ အခွင့်အရေးတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ စိတ်ပျက်စရာပါ။ တစ်ခါတလေတော့ ပွဲတွေက ကိုယ့်ထင်တဲ့အတိုင်း ရလာဒ်ထွက်မလာပါဘူး။ အဲလို ထွက်မလာလို့လဲ ကျနော်တို့ ခြေစွမ်းဟာ လုံလောက်တဲ့ အနေအထားမရှိဘူးလို့ ပြောလို့မရဘူးလေ။ သေချာတာကတော့ ဒီပွဲရဲ့ ခြေစွမ်းက ကျနော်တို့အတွက် အပေါင်းလက္ခဏာတွေ အများကြီးဆောင်ခဲ့ပါတယ်" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။