မြန်မာယူ-18အတွက်ဆေးမြီးတို

ပြီးခဲ့တဲ့ပြိုင်ပွဲမှာရလဒ်ဆိုးရွားခဲ့တဲ့မြန်မာယူ-18နည်းပြ

ဘန်လာဘီနေရာမှာMNL 2ချန်ပီယံစီးတီးရန်ကုန်နည်းပြဦးချစ်နိုင်ကိုယာယီနည်းပြချုပ်

အဖြစ်သတ်မှတ်ခဲ့ပါတယ်။သူဟာကမ္ဘောဒီးယားမှာ

ကျင်းပမယ့်အာရှယူ-19ခြေစစ်ပွဲဝင်ယူ-18ကိုတာဝန်ယူ

ကိုင်တွယ်မှာဖြစ်ပါတယ်။ဖော်ရိန်နာနည်းပြအစား

လော်ကယ်နည်းပြကိုပြောင်းလဲတာဝန်ယူစေခဲ့တဲ့

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ဆေးမြီးတိုအောင်မြင်ပါ့မလား။

ဦးချစ်နိုင်နဲ့အတူလက်ထောက်နည်းပြဦးမင်းသူ၊ဂိုးနည်းပြ

ဦးစိုင်းမောင်မောင်ဦးတို့တာဝန်ယူကိုင်တွယ်ကြပြီး

အသင်းမန်နေဂျာအဖြစ်ကိုတော့ဦးတင်မြင့်အောင်က

တာဝန်ယူကိုင်တွယ်သွားမှာပါ။ဦးချစ်နိုင်အနေနဲ့

တစ်ခုအားသာချက်ရှိတာကနေရှင်လိဂ်-2မှာကစား

နေတဲ့U-18အသင်းနဲ့ရင်းနှီးနေတာပါပဲ၊၊သူကိုင်တွယ်တဲ့

စီးတီးရန်ကုန်အသင်းဟာဝင်းနိုင်ထွန်းတို့ရဲ့ဖီးနစ်နဲ့မကြာခဏ

ရင်ဆိုင်ခဲ့ဖူးပါတယ်။

စီးတီးရန်ကုန်အသင်းကိုလှပတဲ့ကစားကွက်မူပိုင်ဟန်

တစ်ခုတည်ဆောက်နိုင်ခဲ့တယ်လို့ဦးချစ်နိုင်ကို

အသိအမှတ်ပြုထားကြပါတယ်။ဦးချစ်နိုင်မြန်မာယူ-18ကို

ကစားကွက်ကောင်းကောင်းတစ်ခုတည်ဆောက်ပေးနိုင်မလား။တရုတ်၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယားအသင်းတို့ကိုရင်ဆိုင်

အနိုင်ယူပြီးအင်ဒိုနီးရှားကိုအရောက်သွားနိုင်မလား။

မေးခွန်းပေါင်းများစွာနဲ့မြန်မာအသင်းရဲ့ဆေးမြီးတိုအောင်မြင်ပါ့မလား... 

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။