နေမာကတော့ ဘောလုံးလောက၏ အကောင်းဆုံး ၅ယောက်ထဲက တစ်ယောက်ပါပဲ။ နေမာက ဘရာဇီးလက်ရွှေးစင်အတွက်ကော ကလပ်အသင်းအတွက်ပါ အကောင်းဆုံးကစားပေးသူပါ။ နေမာက ကွင်းတွင်းသာမက ကွင်းပြင်မှာပါ ကျော်ကြားပါတယ်။ နေမာရဲ့ပုံရိပ်ကတော့ အလွန်ကြီးပါတယ်။ 

နေမာက ယခုရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျိီထံ ပြောင်းခဲ့ပါတယ်။ နေမာ၏ ပြောင်းရွှေ့ကြေးကတော့ ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို၂၂၂သန်းပါ။ အတော်ကိုများပြားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုပါ။

ယခုအခါမှာတော့ PSG တာဝန်ရှိ သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက တော့ နေမာ ရဲ့ ဂျာစီရောင်းအားအလွန်ကောင်းးနေခြင်းပါပဲ ။ အသင်းသစ်ကို စတင်ပြောင်းရွှေ့လာခဲ့တဲ့ နေမာ ရဲ့ ကျောနံပါတ် ၁၀ ပါ ဂျာစီတွေဟာ ပထမ ရက် ၃၀ အတွင်းမှာ အထည်ပေါင်း ၁၂၀၀၀၀ ( တစ်သိန်း နှစ်သောင်း ) ကျော် ရောင်းချခဲ့ရပြီး ပေါင် ၈ သန််းဖိုးခန့် ရှိခဲ့ တယ် လို့ သိရပါတယ် ။ ဒါဟာ PSG အသင်းရဲ့ ဂျာစီရောင်းအားကို ရ၅% မြင့်တက်စေခဲ့ပြီး နေမာ ရဲ့ ဂျာစီတွေကို စျေးကွက်အတွင်း အလျှင်းမီအောင် မပေးပို့ မဖြန့်ဖြူးနိုင်မှာကို အသင်းတာဝန် ရှိသူတွေ စိုးရိမ်လာကြပြီလို့ သတင်းရရှိပါတယ် ။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။