နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ နဲ့ ဖိအားပေးမှု တွေဟာ သူတို့ရဲ့ နျူးကလီးယား အစီအစဉ်တွေကို ပိုမိုပြီး အရှိန်မြှင့်စေမှာသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ရဲ့ အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်မှု အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ထိုစဉ်မှာပဲ အမေရိကန် နဲ့ တောင်ကိုရီးယား တို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအပတ်မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မြောက်ကိုရီးယားအရေးဟာ အဓိက ပြဿနာဖြစ်လာပါတယ်။ မြောက်ကိုရီးယားကတော့ စက်တင်ဘာ ၁၁ ရက်နေ့မှာချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု တွေဟာ သူတို့အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ စွတ်စွဲထားပါတယ်။

တနလာင်္နေ့ အစောပိုင်းကတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ဟာ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်စွမ်းရှိတာ ကိုပြသဖို့ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာန ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။