ထိုင်းနိုင်ငံ၊ တောင်ပိုင်း လိပ်ကျွန်း (ကော့တောင်) လူသတ်မှုနှင့် ပတ်သက်၍ နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က လက်ခံလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော အယူခံလွှာကို ဗဟိုတရားရုံးထံ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။ယခုအခါတော့ ဒီအယူခံလွှာကို စက်တင်ဘာ ၁၈ ရက်နေ့မှာ လက်ခံကြောင်းသိရပါတယ်။

အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေသည့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက “တင်လိုက်တဲ့ အယူခံက သူတို့အနေနဲ့ ငြင်းပယ်လို့မရဘူး။ ပြည့်စုံတယ်။ အဲဒီအချက်တွေကြောင့် သူတို့ လက်ခံ လိုက်ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီအထဲမှာမှ ပျော့ကွက်၊ ဟာကွက်တွေ လိုက်ကြည့်ပြီးတော့မှ သက်သေ အထောက်အထားတွေ သူတို့ ထပ်ရှာမယ်။ ရှာပြီးတော့မှ တရားလိုဘက်က ထပ်တင်ဦးမှာ”ဟုပြောခဲ့ပါတယ်။

ထိုအမှုနှင့်ပတ်သက်ပြီး ဗြိတိန် အမျိုးသားရာဇဝတ်မှု တိုက်ဖျက်ရေးဌာနသည် ဥပဒေ ချိုးဖောက်ကာ ထိုင်းရဲတပ်ဖွဲ့သို့ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်သော အချက်အလက်များထောက်ပံ့ခဲ့သည်ကို လန်ဒန်မြို့ ရှိ တရားရုံးချုပ်က ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post သတင်းက ရေးသားဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ်-ဧရာဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။