ယခုရာသီမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာ၂သင်းက အပြိုင် ဦးဆောင်နေပါတယ်။ ၂သင်းစလုံးက ၅ပွဲကစားပြီးချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။ ၂သင်းစလုံးက ရမှတ်တွေတူနေပါတယ်။ ဒါ့အပြင် ဂိုးကွာခြားချက်လည်းတူနေကာ မန်ချက်စတာစီးတီးက ဗျည်းအရ နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်း၏ ကစားသမား ဟာရဲရားကတော့ သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။ ဟာရဲရားကမန်ချက်စတာစီးတီးအသင်းပြီးခဲ့တဲ့နွေရာသီကငွေကြေးများစွာသုံးစွဲခဲ့မှုကြောင့်ဆုဖလားတွေရရှိဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းထင်ဖိအားတွေပိုမိုများပြားနေတယ်လို့ပြောလိုက်ပါတယ်။ ဟာရဲရားက "မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီကငွေကြေးမြောက်မြားစွာသုံးစွဲခဲ့တာကြောင့်သူတို့ဟာပရီးမီးယားလိဂ်ဖလားအတွက်ဆန်ကာတင်မှာပါဝင်နေပါတယ်။ ကျွန်တော်တို့လည်းဒီအတွက်ကြိုးစားသွားမှာဖြစ်ပြီးဒီလိုလုပ်နိုင်ဖို့အရည်အသွေးတွေလည်းရှိနေပါတယ်။ ကျွန်တော်တို့ဖလားအားလုံးအတွက်တိုက်ပွဲဝင်သွားမှာပါ။” လို့ပြောခဲ့တာပါ။ 

ဒါ့အပြင် ဟာရဲရားက “သူတို့ဟာငွေကြေးမြောက်မြားစွာသုံးစွဲခဲ့ပါတယ်။ ဒီလိုမျိုးများစွာအသုံးပြုခဲ့မယ်ဆိုရင်ဖိအားတွေကျရောက်လာမှာအမှန်ပါပဲ။ ကျွန်တော်တို့မှာလည်းဖိအားတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာအင်္ဂလန်ရဲ့ကြီးကြယ်တဲ့ကလပ်ဖြစ်နေလို့ပါ။ ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကဆုတံဆိပ်သုံးခုရရှိခဲ့ပြီးမန်စီးတီးအသင်းဘာမှမရခဲပါဘူး။ သူတို့ဟာဖိအားတွေအောက်မှာရောက်ရှိနေပါတယ်။ သူတို့ဟာဆုဖလားတွေပိုင်ဆိုင်ဖို့လိုအပ်နေပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကဖလားသုံးခုရခဲ့တာကြောင့်သူတို့ဒီထက်ပိုမိုဆွတ်ခူးနိုင်ဖို့တာဝန်ရှိနေပါတယ်။" လို့ပြောသွားပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။