မြောက်ကိုရီးယားအစိုးရကတော့ ဟိုက်ဒရိုဂျင်ဗုံးကို တီထွင်နိူင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပြစ်ကင်းစင်တဲ့ အဝေးထိန်းဒုံးကျည်စနစ်ကိုလဲ အောင်မြင်ခါနီးနေပါပြီ။ ဒါ့ကြောင့် စစ်ဘက်အန္တရာယ်ပေးလာနိုင်တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံအချို့ကစိုးရိမ်နေပါတယ်။ ဒါေ့ကြာင့် ယခုအခါ မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးပစ်လွှတ်မှုများအပြီး အင်အားပြသည့်အနေဖြင့် အမေရိကန်က ကိုရီးယားကျွန်းဆွယ်ပေါ်တွင် စတဲ့သ်တိုက်လေယာဉ်လေးစင်းနှင့် ဗုံးကြဲလေယာဉ်နှစ်စင်းတို့က စက်တင်ဘာ ၁၈ ရက်တွင် လေ့ကျင့်ပျံသန်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ F-35 B စတဲ့သ်တိုက်လေယာဉ်လေးစင်းနှင့် B-1 B ဗုံးကြဲလေယာဉ်နှစ်စင်းတို့သည် စက်တင်ဘာ ၁၈ ရက်နံနက်တွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဗုံးကြဲတိုက်ခိုက်သည့်ပုံစံ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်ခဲ့ကြောင်း အမည်မဖော်သော တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးအား ကိုးကား၍ တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြခဲ့သည်။

ယင်းသတင်းသာ အတည်ဖြစ်ပါက စက်တင်ဘာ ၃ ရက်တွင် မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနှင့် စက်တင်ဘာ ၁၅ ရက်တွင် ဂျပန်ကို တာလတ်ပစ်ဒုံး ပစ်လွှတ်မှုအပြီး အမေရိကန်၏ ပထမဆုံးလေ့ကျင့်ပျံသန်းမှု ဖြစ်လာမည်ဖြစ်သည်။ အမေရိကန် တိုက်လေယာဉ်များသည် တောင်ကိုရီးယား၏ F-15 K တိုက်လေယာဉ်လေးစင်းနှင့်အတူ လေ့ကျင့်ပျံသန်းခဲ့ပြီးနောက် ဂျပန်နှင့် ဂူအမ်ရှိ အခြေစိုက်စခန်းများသို့ ပြန်သွားခဲ့ကြောင်း ယွန်ဟပ်က ဖော်ပြခဲ့သည်။ အမေရိကန်သည် ယင်းကဲ့သို့ လေ့ကျင့်ပျံသန်းမှုအား သြဂုတ် ၃၁ တွင် နောက်ဆုံးပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်ပျံသန်းမှုအား အမေရိကန်စစ်ဘက်က အတည်မပြုသေးပေ။ ပြုံယမ်းသည် ၎င်း၏ အဆင်အခြင်မဲ့ နျူကလီးယားလက်နက် စီမံကိန်းများအား ရပ်ဆိုင်းရန် ငြင်းဆိုပါက ဖျက်ဆီးပစ်ခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက သတိပေးမှုနှင့်အတူ အမေရိကန်သည် မြောက်ကိုရီးယားအား ဖိအားပေးမှု တိုးမြှင့်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြာမည့် မိန့်ခွန်းနှင့် တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ၌ ရန်လိုမှုမြင့်တက်နေသော မြောက်ကိုရီးယားအား ထိန်းချုပ်ရန်ကိစ္စများက လွှမ်းမိုးနေမည်ဖြစ်သည်။

ယခင်စမ်းသပ်မှုများထက် အဆများစွာ ပိုမိုပြင်းထန်သော ဟိုက်ဒရိုဂျင်ဗုံးဟုဆိုသည့် နျူကလီးယားစမ်းသပ်မှုအား ကင်ဂျုံအွန်အစိုးရက ဆောင်ရွက်ခဲ့ပြီးနောက် တင်းမာမှု တစ်ဖန်မြင့်တက်လာခဲ့သည်။ ယင်းစမ်းသပ်မှုအား ကုလသမဂ္ဂ လုံခြံုရေးကောင်စီက ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာ မြောက်ကိုရီးယားက အကွာအဝေးအဝေးဆုံးသို့ ရောက်ရှိခဲ့သည့် တာလတ်ဒုံးတစ်စင်းအား ဂျပန်ကိုကျော်၍ ပစ်လွှတ်ပြီး ပြန်လည်တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားရှိ သန်းနှင့်ချီသော ပြည်သူများနှင့် ယင်းနိုင်ငံတွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ တို့အား မြောက်ကိုရီးယား၏ လက်တုံ့ပြန်တိုက်ခိုက် ခံရနိုင်ခြေအလားအလာရှိသည့် စစ်ရေးဖြင့် အရေးယူဆောင်ရွက်မည့် နည်းလမ်းကို ထရန့်က ပယ်ချထားခြင်းမပြုပေ။ ပိတ်ဆို့အရေးယူမှုများသည် မြောက်ကိုရီးယားအား ဟန့်တားရန် မလုံလောက်ပါက အမေရိကန်သည် ရွေးချယ်စရာအားလုံးအတွက် ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထရန့်အစိုးရ၏ အမျိုးသားလုံခြံုရေးအကြံပေး အိတ်ချ်အာမက်မာစတာက ပြောကြားခဲ့သည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။