တမာရွက် မှာ ဆေးဖက် ဝင်လှသော အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သိထားကြပါတယ်။ တ မာရွက် သာမက တမာခေါက်တွေကိုလည်း ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံတွင် သာမက အခြားသော နိုင်ငံတွေကပါ တမာပင်ကို ဆေးဖက်ဝင် အပင်အဖြစ် အသုံးပြုနေကြပါပြီ။ သို့သော တမာပင်ကို များများစားရင် အကြောတက် တယ်ဆိုတာ သတိရစေချင်ပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း ဆေးဘက်ဝင် တန်သင့်ရုံသာ သုံးစွဲသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ တမာရွက်၏ ကျန်းမာရေး ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။  

(၁) ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာ တဲ့ အရည်နဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက် ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။

(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ် တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။ အရေပြားကို အနာအမြန်ကျက်စေ ပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်

တခြားဆံပင်လိမ်းဆီအစား တမာဆီကို ဆံပင်မှာ လိမ်းပေးခြင်းဖြင့် ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေ ကို သက်သာလျော့ပါးစေပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ် ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။ 

(၉) သန်ကောင်တွေကို ကင်းစင်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အ စွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။ တမာရွက်ဟာ သွေး ထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ် ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

သတင်းအရင်းအမြစ် - ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။