မကြာသေးခင်ကဘဲ သူမချစ်သူနှင့်ပြတ်သွားပြီဆိုပြီးကြေညာလိုက်တဲ့ သင်ဇာနွယ်ဝင်းတစ်ယောက်ကတော့ အဲ့ဒီလိုပြောပြီးမှ သိပ်မကြာ.....

ရဲရင့်အောင်နှင့် သူမ တူတူသရုပ်ဆောင်ခဲ့တဲ့ ရဲရင့်အောင်ရဲ့ ချေ အယ်လ်ဘမ် ထဲက သီချင်းရဲ့ scene cut တွေကို တင်ထားပါတော့တယ်။ ထို့အပြင် ရဲရင့်အောင်ရဲ့ တီရှပ်နှင့် ဦးထုပ်ကို ဓာတ်ပုံရိုက်ထားတဲ့ ကောင်မလေးဟာ သူမဘဲ ဆိုပြီးတော့ ပရိသတ်တွေက ပြောနေကြပါတယ်။သူတို့နှစ်ယောက်ဟာ ထိုပုံ ကို အောက်တိုဘာ ၁၄ ရက်နေ့မှာ တစ်ချိန်တည်းတင်ခဲ့ကြပါသေးတယ်။ ထိုပုံကို လည်း profile picture ပြောင်းထားပါသေးတယ်။

ဒီ အထောက်အထားတွေ ဟာ ဘာမှတော့ သိပ်ပြီးမထူးခြားလှပေမယ့် တရားဝင်သာ မပြောတယ် သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာ ရဲရင့်အောင် ပရိသတ်တိုင်း သိတဲ့ အတွက် အထွေအထူးတော့ ပြောစရာမလိုတော့ပါဘူး။ ပရိသတ်တွေထင်တာကတော့ ရဲရင့်အောင်ဟာ သင်ဇာနွယ်ဝင်းကို ဒီပစ္စည်းလေးတွေပေးပြီး တော်တော်ချော့လိုက်ရတဲ့ပုံပါဘဲ။ ဘာပဲဖြစ်ဖြစ်လေ သူတို့နှစ်ယောက်ကိုတော့ သဘောတူပါတယ် ကွယ်။ All These Plates and Bowls, but You Broke My Heart မဖြစ်တော့ဘူးပေါ့နော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။