မနက် ၁း ၀၀ မှာ ယှဉ်ပြိုင်ကစားမဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ရှော်ကေးအသင်းက အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဧည့်ခံကစားသွားမှာလည်းဖြစ်ပါတယ်။ရှော်ကေးအသင်းဟာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ရမှတ် ၉ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာကြောင့် နှစ်သင်းလုံးဟာ ခြေစွမ်းတူညီနေတယ်လို့ ဆိုလိုရမယ်ဗျာ။

ရှော်ကေးအသင်းရဲ့ နောက်ဆုံးငါးပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကလည်း နောက်ဆုံးငါးပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပဲ ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၁၊ အဆင့် ၂ အသင်းတို့နဲ့ ရမှတ် ၁ မှတ်သာ ကွာဟနေတာကြောင့် ဒီပွဲနိုင်တဲ့အသင်းဟာ အဆင့် ၁ နဲ့ ၂ နေရာကို တတ်လှမ်းနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်။

ရှော်ကေးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ မေယာ ၊ ဒီဆန်းတို့ ၊ ကိုနိုရန်ကာ၊ ကာလီဂွာရီ၊ ဘန်တလေ၊ ဂေါရက်ကာ၊ အော့ဇစ်ကာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လီဝမ်ဒေါစကီး၊ ဂျိန်းရိုဒရီဂွက် ၊ မူလာ၊ ရီဘာရီ၊ ဗီဒယ် ၊ ရူဒီတို့ကို ပွဲထွက်အသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ခြေစွမ်းတူညီနေတဲ့ အသင်းနှစ်သင်းဆုံတွေ့တာလို့ ဆိုရမှာဖြစ်တာကြောင့် ဘယ်အသင်းအသာရသွားနိုင်မလဲဆိုတာတော့ စိတ်ဝင်စားဖွယ်ကောင်းနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။