မနက် ၁း ၃၀ မှာ ယှဉ်ပြိုင်ကစားကြမဲ့ လိဂ်ဖလားရှုံးထွက်ပွဲစဉ်မှာ စပါးအသင်းက ဝင်ဘာလေကွင်းမှာ ဘန်စလေအသင်းကို ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။ဘန်စလေအသင်းဟာ ဒါဘီအသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ယူပြီး ဒီအဆင့်ကိုတတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘန်စလေအသင်းအတွက် ကံဆိုးမှုပဲပြောရမလား မသိပါဘူး။လိဂ်ဂူးဖလား တတိယအဆင့် မှာစပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ဖြစ်လာတာပဲဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိမှာ တိုက်စစ်အကောင်းဆုံး အသင်းလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဒေါ့မွန်အသင်းကို ဂိုးပြတ်အနိုင်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ စပါးအသင်းဟာ အဓိက ကစားသမားတွေကို အနားပေးထားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘန်စလေအသင်းအတွက် သရေရလဒ်သာ မျော်လင့်ခွင့်ရှိနေတာကြောင့် ဘန်စလေအသင်းအနေနဲ့တော့ ဒီနေ့ပွဲမှာ ပိတ်ကစားသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လော်ရန်တေး ၊ ဆွန်ယောင်မင်း၊ အလီ၊ ဆစ်ဆီခို၊ ဝင့်ခ်၊ ဒေးဗစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့လည်းရှိနေတာလည်းဖြစ်ပါတယ်။ဘန်စလေအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဘားနက်၊ ဟက်ဂတ် ၊ ဘရက်ရှော၊ ဝီလီယံ၊ ပေါ့တ်၊ မွန်ကျူ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းအတွက် တော့ အိမ်ကွင်းမှာ နိုင်ပွဲယူပြီး နောက်တဆင့်တတ်ရောက်ဖို့ ကျိန်းသေနေတာကြောင့် ဂိုးပြတ်မပြတ်သာ စောင့်ကြည့်သွားရဖွယ်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။