ခိုးဆိုးလုနှိုက် ဇာတ်ကားနဲ့ အကယ်ဒမီ Hot ဖြစ်နေတဲ့ မြင့်မြတ်

အနုပညာလောကအတွင်း စတင်ဝင်ရောက်စဉ်ကပင် အမူအရာပီပြင်သူ ဒရာမာအမျိုးအစားရုပ်ရှင်ဇာတ်ကားများနှင့် လိုက်ဖက်သူဟု အသိမှတ်ပြုအားပေးခံရသည့် သရုပ်ဆောင်ကတော့ မြင့်မြတ် ပဲဖြစ်ပါတယ်။ ဖြတ်သန်းခဲ့သည့် အနုပညာခရီးလမ်းတစ်လျှောက်တွင် ပိုင်နိုင်သည့် အနုပညာစွမ်းရည်ဖြင့် အောင်မြင်မှုကို အချိန်ကြာမြင့်စွာထိန်းသိမ်းထားနိုင်သည့် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို မတူကွဲပြားတဲ့ ဇာတ်ကောင်စရိုက်မျိုးစုံနဲ့ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်သူ မြင့်မြတ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲကအကယ်ဒမီ ကိုရရှိထားသူလည်းဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီအတွက်လည်း မြင့်မြတ် ပါဝင်ထားတဲ့ဇာတ်ကားတွေ ရှိနေတဲ့အတွက် ပရိသတ်တွေက မြင့်မြတ်ကို အကယ်ဒမီတစ်ကြို ပေးခြင်းခံရခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုထောင်ထားပြီး လူရိုင်းကျွန်း ဆိုတဲ့ ဇာတ်မြူ းကားလေး တစ်ကားရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ လာမည့်နှစ်အတွင်းမှာ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ရန်ကုန်မှာ တစ်ပွဲ မန္တလေးမှာ တစ်ပွဲလုက်ဖြစ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ လက်ထပ်ပြီးတဲ့အခါမှာလည်း အေးချမ်းငြိမ်းချမ်းတဲ့ မိသားစုဘဝလေးကို ကြိုးစားတည်ဆောက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အယူတော်မင်္ဂလာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး သူရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေအပေါ် ကျေနပ်မှု ရှိ မရှိကိုတော့ " နောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်လာတာ စိပ်လာတယ်ဆိုတာဟုတ်ပါတယ်။ ရိုက်ခဲ့တာတွေကိုလည်း ကျေနပ်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားရိုက်တဲ့အချိန်မှာလည်း ကိုယ်တတ်သလောက် မှတ်သလောက် ကြိုးစားပြီးရိုက်တာဆိုတော့ ကျေနပ်ပါတယ်။ ရိုက်နေစဉ်မှာတော့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်" လို့ ဖြေဆိုပေးခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ ပရိသတ်တွေ မြင်ချင်တဲ့ အကယ်ဒမီမြင့်မြတ် ဖြစ်လာမလားဆိုတာတော့……………

Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။