ယနေ့ စက်တင်ဘာ ၁၉ရက်နေ့၊ နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို နေပြည်တော်ရှိ MICC – 2 ခန်းမတွင် ခြွေဟခဲ့ပါတယ်။

ယနေ့ နံနက်၁၀နာရီတွင် အဆိုပါ မိန့်ခွန်းကို ပြောကြားခဲ့တာဖြစ်ပြီး တစ်တိုင်းပြည်လုံးနှင့်ကမ္ဘာကိုပါ ရုပ်သံက တိုက်ရိုက်ထုတ်လွင်ခဲ့ပါတယ်။ အဆိုပါ အခန်းအနားသို့ နိုင်ငံတော်တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာ သံရုံးမှ တာဝန်ရှိသူများ၊ ၀န်ကြီးများအပါအဝင် လူပေါင်း ခုနှစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိဖြစ်ပျက်နေသည့် ဘင်္ဂါလီအရေးကိစ္စ၊ နိုင်ငံတော်၏ဖြေရှင်းပုံနည်းလမ်း၊ ရခိုင်ပြည်နယ်အရေးနှင့် နိုင်ငံတကာဖိအားများကို ထည့်သွင်းပြောဆိုဖြေကြားသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိဖြစ်ပျက်နေသော ကိစ္စများသည် အမုန်းတရားနှင့်အကြောက်တရားတိုပကို အခြေခံကာဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံသည် ဘာသာရေး ယုံကြည်မှုတွေနဲ့ တိုင်းရင်းသားမျိုးနွယ် ခွဲခြားမှုတွေကြောင့် သွေးကွဲတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာကို လိုလားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ၏ဖိအားပေးမှုတွေနှင့် ဆန်းစစ်လေ့လာမှုတွေရှိလာရင်လည်း မြန်မာအစိုးရအနေဖြင့် ကြောက်ရွံနေမည်မဟုတ်ဟု ပြောခဲ့သည်။ ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုဖြစ်ပွားရသည့် ကိစ္စများသည် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက အစိုးရတပ်ဖွဲ့များကို စတင်တိုက်ခိုက်ရကနေ စတင်ခဲ့တာဖြစ်တယ်လို့ ဖြေရှင်းပြောကြားခဲ့ပါတယ်။

Source – The Irrawaddy, 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။