လေးလအတွင်းပေါင်ငါးဆယ်ချခဲ့တဲ့အထာကျတဲ့J-Fire

J-Fireဆိုတဲ့မြန်မာပြည်အထက်ပိုင်းကရပ်ပါလေးဟာ

အထာကျတဲ့အချစ်၊လင်းလက်ပါကြယ်လိုစတဲ့

သီချင်းတွေနဲ့မြန်မာတစ်နိုင်ငံလုံးကလူငယ်ပရိသတ်ရဲ့

နှလုံးသားကိုကိုင်လှုပ်ခဲ့သူပါ။သူရဲ့သီချင်းကာရန်တွေက

အထာကျသလိုသူ့ရဲ့နေထိုင်မှုစတိုင်ကလည်းအထာ

ကျသူပါ။နောက်ဆုံးသူလုပ်ခဲ့တဲ့အကွက်တစ်ခုကို

ကြည့်ပါ။သူရဲ့ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကိုလေးလအတွင်း

ပေါင်လေးဆယ်ကျော်အောင်ချပြခဲ့တာပါပဲ။

ဒီလိုမျိုးWeightချဖို့ဆိုတာတကယ်မလွယ်ပါဘူးနော်။

Fitness စင်တာကိုမှန်မှန်သွား၊အစားတွေလျှော့စား၊

ပင်ပင်ပန်းပန်းနဲ့နေ့စဉ်ကြိုးစားမှုတွေကသူ့ကို

ယောကျင်္ားပီသစွာသွယ်လျသွားစေခဲ့တာပါ။

အစားအသောက်ကတစ်ရက်ကြက်ဥ(အကာ15လုံး)

ကြက်သားပြုတ်(50သား)၊ဆလပ်ရွက် သခွားသီး

ခရမ်းချဉ်သီး အရွက်ပြုတ်၊သီဟိုရ်စေ့၊ငါးကြီးဆီစတာတွေကို

Training ပေါ်မူတည်ပြီးစားသောက်ပါတယ်တဲ့။

Training ကတော့မနက်5:30ကနေစပြီးမန္တလေးတောင်ပေါ်

ပြေးတက်ပါတယ်၊၊ပြန်လာရင်ခဏနားGymနှစ်နာရီလောက်ဆော့၊ဗိုက်လေ့ကျင့်ခန်းတွေလုပ်နေ့လည်12ခွဲမှာတော့အိမ်ပြန်နားပြီးညနေမှာGyamဆက်ဆော့ပါတယ်ဆိုပြီးJ-Fireက

သူဘယ်လိုကြိုးစားခဲ့လဲပြောပြပါတယ်။

သူအဲ့လိုုဖြစ်လာခဲ့တာသူဝနေတာကိုလှောင်ရယ်ခဲ့တဲ့

လူတွေကြောင့်လို့ဆိုပါတယ်။သူအရမ်းကိုဝခဲ့တဲ့အချိန်မှာသူ

ဝိန်ချတော့မယ်လို့ပြောတော့သူငယ်ချင်းတစ်ချို့ကသူ့ကိုယ်

ဘယ်လိုဖြစ်နိုင်မှာလဲဆိုပြီးရယ်မောခဲ့ကြတယ်တဲ့။

အဲ့ဒါနဲ့သူမခံချင်ဖြစ်ပြီးရအောင်ဝိတ်ချပြခဲ့တယ်

လို့J-Fireကပြောပါတယ်။အရမ်းကိုဝိတ်ကျသွားတဲ့J-Fire

ဟာအခုအချိန်မှာBody Fitတီရှပ်တွေဝတ်ပြီးအရမ်းလန်းနေ

ပါပြီ။တကယ်ကိုအားကျစရာကြီးနော်။ 

Source-J fire

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။