နာမည်ကျော်တိုက်စစ်မှူါ် ရွန်းနီသည် ယာဉ်မောင်းမှု ၂နစ်အပိတ်ခံခဲ့ရသည်။ ဖြစ်စဉ်မှာ အဲဗာတန်အသင်းမှ မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီသည် ယခုလအစောပိုင်းက အရက်မူးပြီး ကားမောင်းခဲ့မှုအတွက် ယနေ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီဖြစ်ကြောင်း သိရှိရသည်။ ရွန်နီသည် စက်တင်ဘာ(၁)ရက်နေ့က ဒေသစံတော်ချိန် နံနက်(၂)နာရီခန့်တွင် အရက်မူးပြီး ကားမောင်းခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

ရွန်နီအား အယ်လ်ကိုဟောတိုင်းတာသည့်ကိရိယာဖြင့် စစ်ဆေးခဲ့ရာ သတ်မှတ်ထားသည့်ပမာဏထက် (၃)ဆခန့် ရှိနေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး ရွန်နီကလည်း တရားရုံတွင် ၀န်ခံခဲ့ကြောင်း သိရှိရသည်။ တရားရုံးက ရွန်နီကို ယာဉ်မောင်းနှင်ခွင့်(၂)နှစ် ပိတ်ပင်ခဲ့သည့်အပြင် လူမှုရေးလုပ်ငန်းများကို နာရီ(၁၀၀)လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ရွန်နီက တရားဝင်ကြေညာချက်ထုတ်ပြန်ကာ တောင်းပန်စကားပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။ ရွန်နီ၏ရှေ့နေက ယခုအမှားအယွင်းအတွက် အဲဗာတန်အသင်းကလည်း ရွန်နီကို နှစ်ပတ်စာလစာငွေ ပေါင်(၃၀၀၀၀၀) ချမှတ်ဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။ ရွန်းနီသည် ပြီးခဲ့သည့် မန်ချက်စတာယူနိုင်တက်နှင့်အဲဗာတန်တို့၏ ပွဲတွင် ပါ၀င်ကစားခဲ့ကာ မန်ချက်စတာယူနို်င်တက်ပရိသတ်များက နွေးထွေးစွာ ကြိုဆိုခဲ့သည်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။