စပိန်အစိုးရက မြောက်ကိုရီးယားသံရုံးမှ သံအမတ်ကြီးကင်မ်ဟွတ်ခ်ချိုလ် ကို စပိန်နိုင်ငံမက်ဒရစ်မြို့ကနေ စက်တင်ဘာလအကုန်တွင်ထွက်ခွာသွားရန် အမိန့်ပေးခဲ့ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒက်စ်တစ်က တနလာၤနေ့မှ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ကင်ဂျူံအင်က နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်မှုတွေကို အစဉ်အဆက်လုပ်ဆောင်နေတာကြောင့် ကန့်ကွက်တဲ့အနေဖြင့် အသိပေးကာ ခုလို နှင်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်နေတာကြောင့် စပိန်အစိုးရက ခုလိုဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေအစည်းအဝေး တတ်ရောက်ရန်အတွက် နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ ဒက်စ်တပ်ကို ထပ်တလဲလဲ ရာဇသံ ပေးခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့တာကြောင့် ခုလို နှင်ထုတ်ဖို့ဆုံးဖြတ်ခဲ့ရတာလည်းဖြစ်ပါတယ်လို့ဆိုပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ လွန်ခဲ့တဲ့သောကြာနေ့က ဂျပန်နိုင်ငံမြောက်ပိုင်းမှဖြတ်ပြီး ကီလိုမီတာ ၃၀၀၀ ခန့်ပျံသန်းသွားခဲ့သော တာလတ်ပစ်ဒုံးပျံတစ်ခုကို စမ်းသပ်ခဲ့တဲ့အတွက် ယခုလိုနိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးမှုကို ခံနေရတာလည်းဖြစ်ပါတယ်။စပိန်အစိုးရရဲ့ လုပ်ဆောင်ချက်ကို အမေရိကန်တို့က ကြိုဆိုဂုဏ်ပြုခဲ့ပြီး အခြားနိုင်ငံများအနေနဲ့ လည်း မြောက်ကိုရီးယား ကို အဖက်ဖက်မှ ဝိုင်းဝန်ဖိအားပေးကြရန် တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။