တနင်္ဂနွေသားသမီး

အနုပညာလုပ်ငန်းများကို ယခုရက်အတွင်း သတိထားပြီးလုပ်ဆောင်ပါ။

မလိုသူ တို့၏ တိုက်ခိုက်မှုကို ခံရလိမ့်မည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုး ရောက်လာလိမ့်မည်။

ထိုအခါ ‘၆’ အစ ‘၉’အဆုံး အောင်ဘာလေထီထိုးပါ။ ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်းများ မှာ အကျိုးအမြတ်ရရှိမည်။

ယခုရက်အတွင်း အလုပ်အတွက် အင်တာဗျူးဝင်ပါက အောင်မြင်မည်။ အိမ်နေရာ အပြောင်းအရွှေ့အတွက် အစီအစဉ်ပြုလုပ်ရမည်။

ဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ အောင်မြင်မည်။ အနုပညာရှင်တစ်ဦးပါက အနုပညာလုပ်ငန်းအတွက် စာချုပ်ချုပ်ရမည်။

ပညာရေးအားလျော့နေ၏။ ပညာရေးရည်မှန်းချက် အောင်မြင်အောင် ကြိုးစားရမည့်အချိန်ဖြစ်ပါ သည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူ တစ်ကိုယ် ကောင်းဆန်မှုကြောင့် အချစ်ရေးမှာ စိတ်ညစ်ရမည်။ အိမ်ထောင်ရေးလည်း ညံ့၏။ အိမ်ထောင်ဖက် ၏ မသိနားမလည်မှုကြောင့် စိတ်ညစ်ရမည်။

ယတြာ- ယခုရက်အတွင်း ပြုလုပ်ရန် ယတြာမှာ- တနင်္ဂနွေနေ့ တနင်္ဂနွေနေ့မှာ အုန်းထမင်း ဆွမ်းကပ်လှူပါ။

တနလာင်္သားသမီး

လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းအတွက် ခရီးထွက်ရမည်။ ၄င်းခရီးအောင်မြင်မည်။ နေအိမ်သို့ ပုတီးတစ်ကုံးရောက်မည်။

ထိုအခါ ‘၃’အစ ‘၇’အဆုံး အောင်ဘာလေထီထိုးပါ။ ဆိုင်ကယ်မှောက်မည်။ ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ငန်းမှာ အမှားပါတတ်ပါသည်။

ရွှေ အရောင်းအဝယ် လုပ်ငန်းမှာ ဆုံးဖြတ်ချက်မှန်သောကြောင့် အမြတ်အစွန်းရမည်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ အထက်လူကြီးတစ်ဦး၏ ကူညီမှုကို ရရှိမည်။ နိုင်ငံခြားငွေဝင်မည်။

အိမ်အနီးအနား မှာ နာရေးပေါ်မည်။ မသွားရ။ ရပ်ဝေးမှ လက်ဆောင်ရမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်းအရောင်း အဝယ်အတွက် စရန်ငွေရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ မှတ်ပုံတင်ပျောက်မည်။

ပညာရေး ကောင်း၏။ ယခုရက်အတွင်း နိုင်ငံခြားနှင့်ပတ်သက်သော စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေး အနည်းငယ်ညံ့၏။ ဆီးရောဂါဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူက ရှောင်ဖယ် ရှောင်ဖယ် လုပ်နေလိမ့်မည်။ အိမ်ထောင်ရေးလည်း ညံ့၏။ အိမ်ထောင်ဖက်၏ အတ္တကြီးမှုကြောင့် အိမ်ထောင်ရေးမှာ စိတ်ညစ်ရမည်။

ယတြာ- ယခုရက်အတွင်း ပြုလုပ်ရန် ယတြာမှာ- တနင်္လာနေ့ တနင်္လာ ထောင့်မှာ တံခွန်နီသုံးလက်၊ သပြေ ၁၆ ညွန့် ကပ်လှူပါ။

အဂါင်္သားသမီး

ယခုရက်အတွင်း နိုင်ငံခြားခရီးအတွက် လေယာဉ်လက်မှတ်ဝယ်ရာမှာ အခက်အခဲပေါ် မည်။

အနုပညာရှင်တစ်ဦးဖြစ်ပါက အနုပညာလုပ်ငန်းများအတွက် စာချုပ်ချုပ်ရမည်။ မြေအရောင်း အဝယ်အတွက် သတင်းကောင်းကြားရမည်။

အလှူဒါနပြုရကိန်းလည်းရှိ၏။ နေအိမ်သို့ အရက် ပုလင်း၊ ဘီယာပုလင်း ရောက်လာပါက ကံညံ့၏။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းနှင့်ပတ်သက်သော စာမေးပွဲကိစ္စ၊ သင်တန်းကိစ္စပေါ်မည်။

လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ ဦးဆောင်ပါဝင် လှုပ်ရှားရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။

နေအိမ်နားမှာ ပျားစွဲမည်။ သို့မဟုတ် နေအိမ်သို့ ပျားရည်ပုလင်းရောက်လာမည်။ ထိုကဲ့သို့ဖြစ်လျှင် ‘၂’ အစ‘၂’အဆုံး အောင်ဘာလေထီ ထိုးပါ။ သော့ပျောက်မည်။ ၀င်ငွေကောင်းမည်။

ပညာရေးကောင်း၏။ ပညာရေးရည်မှန်းချက်ကို ယခုရက်အတွင်းမှာ ကောင်းစွာ အကောင်အထည်ဖော်ဖြစ်မည်။ ကျန်းမာရေးညံ့၏။ အသည်းရောဂါ ဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူနှင့် စိတ်သဘောကွဲလွဲမည်။ အိမ်ထောင်ရေးလည်း ညံ့၏။ အိမ်ထောင်ဖက်နှင့် စကားများရလိမ့်မည်။

ယတြာ - ယခုရက်အတွင်း ပြုလုပ်ရန် ယတြာမှာ- အင်္ဂါနေ့ အင်္ဂါ ထောင့်မှာ ဆီထမင်းသုံးပွဲ ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ကမ်းခြေဒေသ(သို့မဟုတ်) ဆိပ်ကမ်းရှိရာမြို့သို့ ခရီးထွက်ရလိမ့်မည်။

အနုပညာ လုပ်ငန်းများအတွက် သတင်းကောင်းကြားရမည်။ အနုပညာနှင့်ပတ်သက်သော ပြပွဲ၊ ပြိုင်ပွဲ၊ ရှိုးပွဲ များပြုလုပ်ပါက ယခုရက်အတွင်း အထူးအောင်မြင်မည်။ လူလိမ်ခံရတတ်သည်။ သူခိုးခိုးခံရတတ် သည်။

အိမ်သို့ နာရီတစ်လုံးရောက်လာပါက ‘၃’အစ ‘၇’အဆုံး အောင်ဘာလေထီထိုးပါ။ နိုင်ငံ ခြားနှင့် ကုန်သွယ်သာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။

ဘဏ်ချေးငွေတင်ထားပါက ဘဏ်ချေးငွေရ မည်။ စာချုပ်စာတမ်းတစ်ခု ပြုလုပ်ရမည်။ ဆွေမျိုးတစ်ဦးနှင့် ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရမည်။

ပညာရေးကောင်း၏။ နိုင်ငံခြားတိုင်းပြည်သို့ သင်တန်းသွားရောက် တက်ရကိန်း ရှိ၏။ ကျန်းမာရေးညံ့၏။ ဆေးရုံ ဆေးခန်းသို့ သွားရကိန်းရှိ၏။ အချစ်ရေးသာယာပါသည်။ ချစ်သူ နှင့်အတူ ကြံစည်ထားသော အကြံအစည် အောင်မြင်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ အိမ်ထောင်ဖက်၏ ချစ်ကြင်နာမှုကို တိုးပြီးရနေသောအချိန်ဖြစ်ပါသည်။

ယတြာ - ယခုရက်အတွင်း ပြုလုပ် ရန် ယတြာမှာ- ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွက်လှ ၁၁ ညွန့်၊ အောင်သပြေ ၂၁ ညွန့် ကပ်လှူပါ။

ကြာသပတေးသားသမီး

ယခုရက်အတွင်း မော်တော်ကားမောင်းပါက ကားမှုအနည်းငယ်ဖြစ်မည်။ နိုင်ငံခြားမှ ငွေရောက်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်းအရောင်းအဝယ်ဖြစ်မည်။

နေအိမ်သို့ အလှူ ဖိတ်စာ၊ မင်္ဂ္လာဆောင်ဖိတ်စာရောက်ပါက ‘၅’အစ ‘၈’ အဆုံး အောင်ဘာလေထီထိုးပါ။

အနု ပညာနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများမှာ အနှောင့်အယှက်ပေါ်မည်။

ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည့်သတင်း ကြားရမည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ အိမ်ထောင်ပရိဘောဂအသစ် ဝင်မည်။

ယခုရက်အတွင်း ဘာသာရေးနှင့်ပတ်သက်သော အခမ်းအနားများ၊ ဖွင့်ပွဲများ၊ အစည်း အဝေးပွဲများကို တက်ရောက်ရလိမ့်မည်။

သိုလှောင်ထားသော ကုန်ပစ္စည်းများ၊ ကောက်ပဲသီးနှံများ အရှုံးပေါ်မည်။

ပညာရေးကောင်း၏။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာ ကျောင်းဝင်ခွင့်လျှောက်ထား ပါက ယခုရက်အတွင်း ကျောင်းဝင်ခွင့်ရသည့် အကြောင်းကြားစာ ရောက်လာမည်။ ကျန်းမာရေး အနေဖြင့် သွားနာ၊ သွားကိုက်ဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ အထင်မှားမှုကို ခံရမည်။ အိမ် ထောင်ရေးလည်း ညံ့၏။ အိမ်ထောင်ဖက်နှင့် စကားများရမည်။

ယတြာ - ယခုရက်အတွင်း ပြုလုပ်ရန် ယတြာ မှာ- ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဆီးကိုးညွန့်၊ သပြေကိုးညွန့်၊ ကံ့ကော်ကိုးညွန့် ကပ်လှူပါ။

သောကြာသားသမီး

ယခုရက်အတွင်း နိုင်ငံခြားသို့ အလုပ်ရှာရန် ထွက်ခွာသွားရလိမ့်မည်။ အောင်မြင် မည်။

လခစားဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ပြဿနာ အနည်းငယ်ကို ဖြေရှင်းရမည်။

ယခုရက် အတွင်း အလှပြင်လုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ မော်ဒယ်လုပ်ငန်းများ အောင်မြင်မည်။ အနုပညာရှင် တစ်ဦးဖြစ်ပါက အနုပညာကြေးနှင့်ပတ်သက်ပြီး စိတ်သောကရောက်ရလိမ့်မည်။

ရတနာပစ္စည်း ရောင်းဝယ်သော လုပ်ငန်းမှာ အကျိုးအမြတ်များရရှိမည်။ ဘဏ်တစ်ဘဏ်၌ ချေးငွေတင်ထားပါက ချေးငွေရမည်။

ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ နေအိမ်သို့ ဦးထုပ်တစ်လုံး ရောက်လာပါက ‘၁’ အစ ‘၇’ အဆုံး အောင်ဘာလေထီထိုးပါ။

မော်တော်ဆိုင်ကယ် သူခိုးခိုးခံရ တတ်ပါသည်။

ပညာရေးကောင်း၏။ ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခေါင်းကိုက်မည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ ချစ်သူထံမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ငယ်ရွယ်သူ အိမ်ထောင်ရှင် သောကြာသမီးဖြစ်ပါက ယခု ရက်မှာ ကိုယ်ဝန်ရလိမ့်မည်။

ယတြာ - ယခုရက်အတွင်း ပြုလုပ်ရန် ယတြာမှာ- သောကြောနေ့ သောကြာ ထောင့်မှာ ရေသက်စေ့သပ္ပာယ်ပါ။

စနေသားသမီး

ကျောက်မျက်ရတနာ တူးဖော်သောလုပ်ငန်း၊ ရွှေတွင်းတူးဖော်သောလုပ်ငန်းများကို ယခုရက်အတွင်း လုပ်ကိုင်နေပါက ထူးထူးခြားခြား အကျိုးရလဒ်များ ရရှိမည်။

ယခုရက်အတွင်း အိမ်ဆောင်ရန် ပန္နက်ရိုက်ပါက အလွန်ကောင်း၏။

ဘုရားဆင်းတုတော်၊ ဘုရားပုံတော်များ နေအိမ် သို့ ကြွမြန်းလာပါက နိမိတ်ကောင်း၏။ ‘၉’အစ ‘၉’ အဆုံး အောင်ဘာလေထီထိုးပါ။

ယခုရက် အတွင်း စပ်တူရှယ်ယာလုပ်ငန်းတစ်ခုကို စတင်၍ လုပ်ဆောင်ရမည်။ စာပေလုပ်ငန်း၊ စာနယ်ဇင်း လုပ်ငန်း၊ မီဒီယာလုပ်ငန်းများမှာ ပြဿနာ အနည်းငယ် ဖြေရှင်းရမည်။

ဝန်ထမ်းဖြစ်ပါက ယခုရက် အတွင်း ရာထူးတိုးစာမေးပွဲ ဖြေရမည်။ ဆိုင်ကယ်အသစ်တစ်စီးဝယ်ဖြစ်မည်။ တယ်လီဖုန်းပျောက် မည်။

ပညာရေးညံ့၏။ ပညာရေးနှင့်ပတ်သက်ပြီး ကြိုးစားရန် အချိန်ရောက်နေပြီ။ ကျန်းမာရေး အနေဖြင့် လေထိုးလေအောင့် ရောဂါရမည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ ယခုရက်အတွင်း ချစ်သူနှင့်အတူ အလှူဒါနများပြုလုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ အိမ်ထောင် ဖက်၏ ဆွေမျိုးတစ်ဦးထံမှ အကူအညီရမည်။

ယတြာ- ယခုရက်အတွင်း ပြုလုပ်ရန် ယတြာမှာ- စနေနေ့ စနေထောင့်မှာ ဖယောင်းတိုင်သက်စေ့ ထွန်းညှိပူဇော်ပါ။

သတင်းအရင်းအမြစ် - မြန်မာရိုးရာ ဗေဒင်ပညာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။