ပထမ ဆုံး Conjuring ဇာတ်လမ်း ထွက်ရှိလာတော့ ပရိသတ်တွေဟာ တကယ့်ဖြစ်ရပ်ဟုတ်မဟုတ် စူးစမ်းနေကြပါတယ်။ Annabelle အရုပ် က တကယ်ရောရှိခဲ့တာလား။ ဒါမှမဟုတ် ရုပ်ရှင် အတွက်ဖန်တီးထားတာလား။

အဖြေကတော့ Annabelle အရုပ်ဟာ တကယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ အရုပ်နဲ့ပတ်သက်တဲ့ကြောက်မက်ဖွယ် ဇာတ်လမ်းတွေကို ယုံမယုံကတော့ သင့်ရဲ့သဘောပါ။ Annabelle အရုပ်ရဲ့ကြောက်မက်ဖွယ် ဇာတ်လမ်းတွေဟာ ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့တာပါ။ အမေတစ်ယောက်ဟာ သူမရဲ့သမီးအတွက် အရုပ်တစ်ရုပ်ကို ဆိုင်ကနေဝယ်လာခဲ့ပါတယ်။ မွေးနေ့လက်ဆောင်အနေနဲ့ပါ။

သမီးလေး နာမည်ကတော့ Doona ပါ။ Doona ဟာ သူမရဲ့ သူငယ်ချင်း Angie နဲ့အတူနေပါတယ်။ အဲ့ဒီ့အရုပ်ရောက်ပြီးနောက်မှာ သူတို့ဟာ ကံဆိုးမိုးမှောင်မှုတွေကြုံခဲ့ရပါတယ်။ အရုပ်ဟာ အစပထမ အသေးစားလှုပ်ရှားမှုတွေ နဲ့ သူမတို့ကို အံ့အားသင့်စေခဲ့ပါတယ်။ အရုပ် ဟာ သူမတို့ကို နည်းမျိုးစုံနဲ့ခြောက်လှန့်ခဲ့ပါတော့တယ်။ ခြောက်လှန့်ခံခဲ့ရသူတွေများတာကြောင့် နောက်ဆုံးမှာ တော့ အဲ့ဒီ့ အရုပ်ကို ဖန်လုံသေတ္တာထဲ ထည့်ပြီး ပြတိုက်မှာ ပြသထားလိုက်ရပါတော့တယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။