ယခုအဖမ်းခံခဲ့ရတယ့် မင်းသမီးကတော့ ထိုင်းနိုင်ငံမှ နာမည်ကြီး ရုပ်သံသရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ အမ်မလီယာ ဂျက်ကော့ဘ်ဖြစ်ပါတယ်။မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။သူ့ကိုတော့ ပရိသတ်တွေကတော့ အေမီလို့သိထားကြပြီး သူမဟာ အသက် ၂၈ နှစ်သာရှိပါသေးတယ်။

အသက်၂၈ နှစ်သာရှိသေးတယ့် သရုပ်ဆောင်မင်းသမီးကို ဒီနေ့လယ် ၁၂း၃၀ နာရီမှာ ဆူခဖီဘန် ၅ လမ်းမကြီးပေါ်မှ ချိုင်ရာပရူးရက်အိမ်ရာမှာ သူ့ချစ်သူ အမျိုးသားတဦးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ရဲဗျူရိုမှ ဒု-ရဲချုပ် ဆူရာချက် ဟက်ခ်ဖန်က သတင်းမီဒီယာတွေကို ပြောလိုက်တာဖြစ်ပါတယ်။သူမဟာ အသက် ၄၀ အရွယ် ချစ်သူအမျိုးသား ပန်ရာဝပ် ဟီရန်တီချာပါ နေအိမ်မှာ ရှိနေတာဖြစ်ပြီး မက်သဖက်တမင်း (အိုက်စ်) မူးယစ်ဆေးဝါး အလေးချိန် ၇၀ ဂရမ်၊ စိတ်ကြွမူးယစ်ဆေးပြား ၁၆ ပြားနဲ့ မူးယစ်ဆေးဝါးချိန်တွယ်ရာမှာ အသုံးပြုတဲ့ ချိန်ခွင်တခု အပါအဝင် တခြား တိုလီမုတ်စပစ္စည်းတွေကိုပါ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဒီဖမ်းဆီးမှုဟာ နတ်လို့ အမည်ရတဲ့ အမျိုးသားတဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ ကွင်းဆက်အဖြစ် ဆက်လက်ပေါ်ပေါက်လာခဲ့တာပါ။အဲဒီအမျိုးသားကို ဘန်ကောက်မြို့၊ လက်ဖရာအိုခရိုင်တွင်းမှာ မက်သဖက်တမင်း မူးယစ်ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တာဖြစ်ပြီး စစ်မေးချိန်မှာတော့ သူက ဒါတွေကို ပန်ရာဝပ်ဆီက ဝယ်ခဲ့တယ်လို့ ဝန်ခံခဲ့တာလို့သိရပါတယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။