Dispatch က ထုတ်လိုက်တဲ့ သတင်းထဲမှာဆိုရင် တော့ kpop လောကမှာ ရှိတဲ့ ကောင်မလေးတွေရဲ့ လိုချင်တပ်မက်မှုအကောင်းဆုံး ခန္ဓာကိုယ် ၅ခုက လူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ တချို့ကောင်မလေးတွေဆိုရင် အဲ့ဒီခန္ဓာကိုယ်ကိုရဖို့ နည်းမျိုးစုံတဲ့ကြိုးစားနေကြပါသေးတယ်။

၁)DAVICHI အဖွဲ့ရဲ့ ခါး ၂၄လက်မနဲ့ တင် ၃ရလက်မရှိတဲ့ Minkyung။ သူ့ကိုဆိုရင် 'God Minkyung'လို့တောင် တင်စားပြီးခေါ်ကြပါတယ်။

၂)f(x) က Krystal ကတော့ သူမရဲ့ လှပတဲ့ ကြွက်သားတွေကြောင့် ဒီ စာရင်းထဲမှာ ပါဝင်နေရတာဖြစ်ပါတယ်။ သူရဲ့ ကြွက်သားကိုတော့ '11 line' abs (၁၁ လိုင်းရှိတဲ့ ကြွက်သား လို့လဲခေါ်ကြပါသေးတယ်။

၃)KARA အဖွဲ့က Go Hara ရဲ့ သေးငယ်လှတဲ့ ခါးကြောင့် အမျိုးသမီးတော်တော်များများက မနာလိုဖြစ်ကြပါတယ်။ သူမရဲ့ ခါးကို ပုရွတ်ဆိပ်ခါးလို့တောင် ခေါ်ကြပါသေးတယ်။

၄)Winder Girls က Sohee ကတော့ သူမရဲ့ ဒူးခေါင်းကြောင့် ခေတ်စားခဲ့ပါတယ်။ အရေးအကြောင်းမရှိ၊ မ မည်းမတူးတဲ့ အဲ့ဒီဒူးခေါင်းကို မလိုချင်တဲ့သူ ဘယ်သူရှိပါ့မလဲ။

၅)အဆိုတော်မလေး IU ကတော့ သူမရဲ့ အပြစ်ကင်းစင်တဲ့ အသားအရည်ကြောင့် နာမည်ကြီးခဲ့ပါတယ်။ မိတ်ကပ်မလိမ်းထားတောင် ဒီလို လှနေမှတော့ ဘယ်သူက မလိုချင်ပဲနေမလဲ။

translated by Anna

Source: koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။