ရိုက်ကူးရေးအဖွဲ့သားများဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့စီဝမ်ဆီ သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကူးရေးအဖွဲ့သားများဟာ တာဝန်ထမ်းဆောင်နေတဲ့ မင်းသားစီဝမ်နဲ့ အတူ အဖွဲ့လိုက် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါတယ်။ ထိုဓာတ်ပုံများကို စက်တင်ဘာလ(၁၈)ရက်နေ့မှာ မင်းသား ကင်ဂျောင်ဝုက Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ မင်းသားစီဝမ်ဟာ တာဝန်ထမ်းဆောင်ကာလပြီးဆုံးဖို့ နှစ်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ သွားရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သွားရောက်လည်ပတ်ခဲ့တဲ့ အဖွဲ့သားများမှာ Girls’ Generation အဖွဲ့ဝင် YoonA, Hong Jong Hyun, Oh Min Suk နဲ့ အခြားသူများလည်း သွားရောက်လည်ပတ်ခဲ့ပြီး စီဝမ်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

MBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေးနေတဲ့ “The King Loves” ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းကို စက်တင်ဘာ ၁၉ ရက်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ မင်သား စီဝမ်ဟာ ဒရမ်မာ ရိုက်ကူးပြီးစီးပြီးတဲ့နောက် ပြီးခဲ့တဲ့ဇူလိုင်(၁၁)ရက်နေ့မှာ စတင်စစ်မှုထမ်းခဲ့တာ ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။