စက်တင်ဘာ ၁၉ ရက်နေ့ဟာ အဆိုတော် ရွှေထူးရဲဲ့ ၂၅ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ် ။

၁၈ ရက်နေ့ ည ၁၂ နာရီ ကျော်ချိန်ထဲက ပရိတ်သတ်တွေကို Facebook ပေါ်ကနေ မွေးနေ့အမှတ်တရ live လွှင့်စကားပြောကာ သီချင်းတွေလဲ ဆိုပြခဲ့ပြီး

မွေးနေ့မနက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အတွက် အလှုငွေ သိန်းနှစ်ဆယ်ကို လှုဒါန်းခဲ့ကြောင်းလဲ သိရှိရပါတယ် ။

ပရိတ်သတ်တွေ သည်းသည်းလှုပ်အားပေးတာခံရတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပေမယ့်လည်း မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းဖြစ်တဲ့ ရွှေထူးရဲ့ မွေးနေ့စတုဒိသာလေးကတော့ မြင်ရသူတွေ ပီတိဖြစ်စရာပါ ။ ဝက်သား ၊ သီးစုံကုလားဟင်း နဲ့ လာသမျှသူတွေကို ဧည့်ခံကျွေးမွေးနေတဲ့ ရွှေထူးရဲ့ မွေးနေ့အလှုက စည်ကားနေရောပဲ ။ သရုပ်ဆောင် သားညီလဲ ထိုအလှုကို တတ်ရောက်ခဲ့ပြီး

" Happy Birthday အူး ရွှေထူး Htoo Khant

အခုထက်ပိုမိုအောင်မြင်ကျော်ကြား လူချစ်လူခင်များပြီး

အခုထက်ပိုလှူဒါန်းနိုင်ပါစေဗျာ ...

သားညီ ။ " လို့ ဆုတောင်းပေးခဲ့တာကိုလည်း တွေ့ရှိရပါတယ် ။

ရွှေထူးဟာဆိုရင် လူငယ်ပရိတ်သတ်တွေကြားရေပန်းစားတဲ့သီချင်းတွေကို သီဆိုထားတဲ့ ပရိတ်သတ်အခိုင်အမာရရှိနေပြီးဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး

OPPO နဲ့ Green Circle & New Smart Co., Ltd တို့ရဲ့ Ambassador တစ်ဦးလဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Thar Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။