ယခင်မျိုးဆက်လိုပဲiPhone 8,8Plusရဲ့ဒီဇိုင်းကတော့iPhone7နဲ့ပုံစံတူဖြစ်ပါတယ်။iPhone8,8Plusဖုန်းရဲ့နောက်ဘက်ခြမ်းဒီဇိုင်းကတော့ဖန်သားပြင်နဲ့ဖြစ်သွားတာကလည်း ဆန်းသစ်မှုတစ်မျိုးပါပဲ။ iPhone 8,8 Plusကိုယ်ထည်ကိုတော့ လေယာဉ် ၊အာကာသယာဉ်တွေမှာ တပ်ဆင်အသုံးပြုတတ်တဲ့ Aluminium အမျိုးအစားနဲ့ပြုလုပ်ထားပါတယ်။ iPhone 8,8 Plusအတွက်အရောင်အနေနဲ့ကတော့ Silver, Gold, Space Gray စတဲ့အရောင် ၃ မျိုးနဲ့ရရှိနိုင်မှာပါ။ 

iPhone 8,8 PlusScreen အရွယ်အစား နဲ့ ရုပ်ထွက်အရည်အသွေးပိုင်းကိုကြည့်မယ်ဆိုရင်တော့Apple ဟာ စမတ်ဖုန်းမျက်နှာပြင်ပိုင်းမှာလည်း တိုးတက်အောင် လုပ်ဆောင်ထားတာကို သတိပြုမိပါတယ်။နောက်တစ်ချက်ကတော့iPhone 8,8 Plus တို့မှာ ပြင်ပအလင်းရောင်ကိုလိုက်ပြီး အရောင် ပြောင်းလဲမယ့် True Tone Display နည်းပညာပါ၀င်လာပါတယ်။မျက်နှာပြင် အရွယ်အစားကတော့ iPhone 8 က ၄.၇ လက်မဖြစ်ပြီး၊iPhone 8 Plus ကတော့ ၅.၅လက်မဖြစ်ပါတယ်။

ဖုန်းတွင်းမှတ်ဉာဏ်အတွက် iPhone 8 နဲ့ iPhone 8 Plus တို့ကို 64 GB နဲ့ 256 GB ဆိုပြီး ၂ မျိုးထုတ်လုပ်မိတ်ဆက်ထားပါတယ်။ကင်မရာအပိုင်းမှာတော့ iPhone အသစ်တွေဟာ ပိုမြန်တဲ့ ကင်မရာပိုင်းဆိုင်ရာအာရုံခံမှုတွေ ၊ အလင်းအမှောင်ထိန်းချုပ်နိုင်မှုတွေ ၊ Color Filter အသစ်တွေအပါအဝင်ပုံရိပ်အတွက်လိုအပ်တဲ့ အသေးစိတ်စီချယ်နိုင်မယ့်Pixel အရည်အသွေးတွေနဲ့အတူယခင်မျိုးဆက်တွေထက်ပိုမိုကောင်းမွန်လာပါတယ်။ iPhone 8,8 Plus မှာကင်မရာပိုင်းအနေနဲ့12-megapixel sensor ကိုအသုံးပြုထားပြီး optical image stabilization ကိုလည်း ထည့်သွင်းထားပါတယ်။ မတူညီချက်ကတော့ iPhone 8 Plus မှာ f/1.8 နဲ့ f/2.8 apertures တို့ကိုပေးစွမ်းနိုင်တဲ့ sensor အသစ်တွေ ပါ၀င်ပါတယ်။ နောက်တစ်ချက်ကတော့ ဓာတ်ပုံရိုက်ဆရာတွေ နှစ်သက်စေမယ့် iPhone 8 Plus ရဲ့ dual ကင်မရာက "Portrait Lighting” feature ဆိုတဲ့ portrait ရိုက်ချက်တွေမှာ အလင်းကို လိုသလိုချိန်ညှိကစားနိုင်အောင် ထည့်သွင်းပေးထားပါသေးတယ်။ iPhone 8 ရဲ့ Camera ဟာ 4K video တွေ 60 fps နှုန်းနဲ့ရိုက်ကူးနိုင်ပါတယ်။ Zoom ဆွဲရာမှာလည်း ယခင် iPhone 7 model တွေထက်သာလွန်ပြီး ဓာတ်ပုံအတွက်ဆို ၁၀ ဆ နဲ့ ဗီဒီယို mode မှာဆိုရင် ၆ ဆအထိ Zoom ဆွဲလို့ရတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

iPhone 8,8 Plusရဲ့စပီကာတွေကိုတော့ဖုန်းရဲ့အပေါ်ဘက်ခြမ်းနဲ့ အောက်ဘက်ခြမ်းမှာထည့်သွင်းပေးထားပါတယ် ။ ဖုန်းမှာထောက်ပံ့ပေးထားတဲ့ စပီကာကတော့ ယခင်မျိုးဆက်ထက်၂၅ရာခိုင်နှုန်းပိုမိုကျယ်လောင်စေပါတယ်။iPhone8,8Plusနဲ့iPhoneXတွေကိုကြိုးမဲ့အားသွင်းစနစ်ထောက်ပံ့ပေးထားပါတယ်။လက်ရှိစမတ်ဖုန်းစျေးကွက်ထဲအတွင်းဝယ်ယူရရှိနိုင်တဲ့ Wireless Charging Pad တွေနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။တူညီစွာနဲ့ပဲiPhone 8,8 Plus နဲ့ iPhone X တို့မှာ A11 Bionic Processor ကိုအသုံးပြုထားပါတယ်။ iPhone 8 ရဲ့ A11 Processor ဟာ iPhone 7 မှာအသုံးပြုခဲ့တဲ့ A10 Fusion Processor ထက် ၂၅% ပိုမိုမြန်ဆန်တဲ့ performance cores နှစ်ခုနဲ့အတူလုပ်ဆောင်မယ့် six-core chip ဖြစ်သလို ယခင် iPhone ထက် ရ၀% ပိုမိုမြန်ဆန်မယ့် performance cores လေးခုလည်း ပါ၀င်ဦးမှာပါ။ A11 Chipset ရဲ့ GPU ဟာ iPhone 7 ထက် ၃၀% ပိုမိုမြန်ဆန်တယ်လို့လည်းသိရပါတယ်။ ဖုန်းတွင်းစွမ်းဆောင်ရည်အပိုင်းနဲ့ ပတ်သက်ပြီးတော့ iPhone 8, iPhone X တို့ဟာ Apple ရဲ့ နောက်ဆုံးထွက် iOS 11 နဲ့လာမှာဖြစ်ပါတယ်။အရည်အသွေးမြင့်စမတ်ဖုန်းတွေလိုပဲ iPhone 8,8 Plus နဲ့ iPhone X တို့ကတော့ရေစို၊ရေစိမ်ခံစမတ်ဖုန်းတွေပါ။ဖုန်းကိုယ်ထည်ထဲကိုဖုန်နဲ့အခြားအမှုန်အမွှားတွေမဝင်နိုင်အောင်လည်းကာကွယ်ပေးထားပါတယ်။ 

Key features | iPhone 8 and 8 Plus

• Silver, space grey, new gold finish

• Apple claims it's the most durable glass ever in a smartphone

• water and dust resistant

• 4.7" display in the 8 and 5.5" display in the Plus

• Stereo speakers. 25% louder than the speakers in the 7

• A11 bionic chip

• 12MP camera

• 4K 60fps video

• Cameras calibrated for augmented reality

• New Portrait Lighting feature: machine learning creates facial landmarks and enhances light effects on the face (8Plus)

• Wireless charging

• Pre order on September 15, available on September 22

• iOS 11 available on September 19

• 64GB and 256GB

• iPhone 8: £699 for 64GB, £849 for 256GB

• iPhone 8 Plus: £799 for 64GB, £949 for 256GB

Aung

Source: Internet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။