ဒီနှစ်ရဲ့စိတ်ဝင်အစားဆုံးစမတ်ဖုန်းကတော့ iPhone X ပဲဆိုတာသေချာသလောက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ iPhone X ရဲ့ဒီဇိုင်းကတော့ Home Button မပါ၀င်တော့ပါဘူး ။ ဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာဖုန်းရဲ့ထိပ်Camera,earpiecespeakerနဲ့FaceIDSensorနေရာတွေကလွဲရင်Screenမျက်နှာပြင်ပြည့်ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ မိတ်ဆက်ထားရှိတဲ့Apple မျိုးဆက်သစ် iPhone 8,8 Plus တို့မှာ Home Button ပါ၀င်ဆဲပဲဆိုပေမယ့် iPhone X မှာတော့ Screen မျက်နှာပြင်ပြည့် Display နဲ့ဖြစ်ပြီး Home Button လုံးဝမပါ၀င်တော့ပါဘူး။ Home Button မပါ၀င်ပေမယ့် ဆော့ဝဲလ်ပိုင်းဆိုင်ရာအဖွင့်အပိတ်ကို Displayရဲ့အောက်ခြေနားကနေအပေါ်ကိုSlideဆွဲပြီးလုပ်လို့ရမှာဖြစ်ပါတယ်။iPhone8,8Plusတို့နဲ့ခြားနားမှုသိသာစေတဲ့အချက်ကတော့ဖုန်းရဲ့နောက်ဘက်ခြမ်းမှာတော့ ကင်မရာက ဒေါင်လိုက်အနေအထားနဲ့ပါ။

iPhone 8 လိုပဲဖန်သားပြင်ဒီဇိုင်းနဲ့ပေါ့။ဖုန်းရဲ့ဘေးဘောင်ကိုယ်ထည်ကိုတော့ “surgical-grade” stainless steel နဲ့ပြုလုပ်ထားပါတယ် ။ အရောင်အနေနဲ့ကတော့ space gray နဲ့ silver နှစ်မျိုး ထွက်ရှိမှာဖြစ်ပါတယ်။iPhone X မှာတော့ Super Retina Display ကိုအသုံးပြုထားပါတယ်။ Super Retina Display ဟာ ၅.၈ လက်မအရွယ် OLED panel display ဖြစ်ပါတယ်။ ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက် 2436 x 1125 နဲ့ 458ppi ဖြစ်ပါတယ်။ စမတ်ဖုန်းလော့ခ်ဖွင့်ဖို့အတွက်ကတော့ Face ID ကို အသုံးပြုရမှာဖြစ်ပါတယ်။ sensor အသစ်တွေသုံးစွဲထားခြင်းနဲ့အတူFace ID ဟာ သုံးစွဲသူရဲ့မျက်နှာကို အလွယ်တကူမှတ်သားထားနိုင်ပြီးတော့ Apple Pay နဲ့ ကာကွယ်ရေး app တွေအတွက်လည်း သုံးစွဲရလည်း လွယ်ကူစေမှာပါ။ lluminator ပါ၀င်လို့ အမှောင်ထဲမှာလည်း Face ID အသုံးပြုလို့ရပါတယ်။

ထူးခြားချက်က Face ID နည်းပညာနဲ့တွဲဖက်လုပ်ဆောင်ဖို့ A11 Bionic Chip မှာ Neural Engine ပါ၀င်ပြီးအဆိုပါနည်းပညာကြောင့် အချိန်နဲ့အတူ ပြောင်းလဲလာတဲ့ ဖုန်းပိုင်ရှင်ရဲ့မျက်နှာအသွင်အပြင်တွေကိုiPhoneXကနေ့စဉ်သင်ယူမှတ်သားပေးနေမှာပါ။Animojiနည်းပညာပါ၀င်လာတဲ့iPhoneXမှာဆိုရင်လည်းiPhoneX ရဲ့ရှေ့ဘက်ခြမ်းမှာပါ၀င်တဲ့TrueDepthCameraဟာမျက်နှာပေါ်ကမတူညီတဲ့Muscle၅၀ရဲ့လှုပ်ရှားမှုတွေပေါ်အခြေခံပြီးအသုံးပြုသူရဲ့မျက်နှာသွင်ပြင်မှာဖြစ်ပေါ်နေတဲ့ အတိုင်းပုံဖော်ပေးပြီးနောက်သက်ဝင်လှုပ်ရှားမှုရှိတဲ့ emoji လေးတွေကိုဖော်ပြပေးနိုင်မှာပါ။ အနောက်ကင်မရာမှာ dual 12-megapixel ကင်မရာကိုတပ်ဆင်ထားပါတယ်။

Key features | iPhone X

• Edge-to-edge display screens that cover the whole front of the phone

• No home button

• Face ID unlocks the phone using 3D facial recognition software. Works with Apple Pay.

• New Portrait Lighting feature Machine learning creates facial landmarks and enhances light effects on the face

• iOS 11 will feature, among other things, peer-to-peer Apple Pay and a redesigned Control Centre

• Wireless charging already in use for the Apple Watch and will now be integrated into iPhones

• 5.8" 'Super Retina' display Supports HDR in Dolby Vision and HDR10 and True Tone

• 64GB and 256GB Costs from £999 for 64GB version and £1,149 for 256GB. Available for pre-order from October 27 and ships from November 3

Aung

Source:Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။