အနုပညာရပ်ဝန်မှာရီရွှင်ဖွယ်ဇာတ်ကားတွေကိုပရိသတ်အားပေးမှုအပြည့်အဝရရှိအောင်ရိုက်ကူးလေ့ရှိတဲ့ဒါရိုက်တာပြည်ဟိန်းသီဟကအနုပညာလောကတိုးတက်ဖို့ အမုန်းခံသင့်ရင်ခံမှာပဲလို့ ဆိုလိုက်ပါတယ်။လက်တလောမှာတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲအတွက် ရုပ်ရှင်လောကအနုပညာအသိုက်အဝန်းတစ်ရပ်လုံး ဆောင်ရွက်လျက် ရှိနေပါတယ်။

“ဒါရိုက်တာ အလွှာတိုးတက်ဖို့ ရွေးကောက်ပွဲနေ့မဲပေးစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ဒါရိုက်တာ ပြည်ဟိန်းသီဟက အခုလိုပဲပြောလိုက်ပါတယ်။ “တကယ်လုပ်နိုင်သူကို တကယ်ရွေးချယ်ပါဒါမှ လောကတိုးတက်မှာအခွင့်အရေးရတုန်း လုပ်ကြပါနောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ် လာမပြောနဲ့ကိုယ်ကတော့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲလောကတိုးတက် ကောင်းစားဖို့ အမုန်းခံရင်ခံရမှာပဲကောင်းတာလုပ်မယ့်သူကို ကြိုဆိုတာအပြစ်ကင်းတယ်ကျန်တဲ့သူ မပေးလို့ အဲဒီသူတွေ ပြန်ငြိူးချင်ငြိူးပါစေဒါကိုကြောက်နေရင် လောကမတိုးတက်ဘူးမဲပေးမှုတွင် လူမှုရေး မရှိဘူး ခင်မင်မှုမရှိဘူးလောကသားအတွက်ပဲရှိတယ် ပြည်ဟိန်းသီဟ ( ဒါရိုက်တာ )” ဆိုပြီးပြောလိုက်တာပါ။

(၁၉.၉.၂၀၁၇)မှာတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်သစ်ရွေးကောက်ပွဲကြိုတင်မဲအတွက်ဒါရိုက်တာပြည်ဟိန်းသီဟတို့အဖွဲ့ပြင်ဆင်ခဲ့ကြပါတယ်။မကြာခင်မှာလည်း ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ဂယ်ဘဲသရဲ နှင့် သူငယ်ရွာ” ဇာတ်ကားရုံတင်ပြသဖို့လည်းရှိပါတယ်။

Aung

Source ; ဒါရိုက်တာပြည်ဟိန်းသီဟ facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။