ပရိသတ်အားပေးမှုရှိပြီးလူကြိုက်များတဲ့ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့“မင်းလည်းဘိုကေငါလည်းဘိုကေ” ၊ “ဘောစိ - bossy”အပါအဝင် မကြာခင်ရုံတင်ပြသဖွယ်ရှိတဲ့ “ပရိုဂျူဆာမကြီးစိုး ” ၊ “ဘီးကျဲ” ၊ “ဂယ်ဘဲသရဲ နှင့် သူငယ်ရွာ” ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက လူမှုကွန်ရက်ပေါ်မှှာ “ဆဲ” နေတက်သူတွေကို အောက်ပါအတိုင်းဆိုလိုက်ပါတယ်။

“သတိပြုကြပါ

လူတော်တော်များများမှားနေတဲ့ အမှားပါ

ကိုယ်မကြိူက်တဲ့ post တစ်ခုတွေ့ရင်

ဆဲသွားတတ်ကြပါတယ်

တကယ်တော့ ကိုယ့်အဆင့်အတန်းကို ကိုဖော်ပြသွားတာပါ

တကယ်ဆိုရင် နေတတ်ရင် အနေသာကြီးပါ

အခုတော့ လူသိရှင်ကြား ဆဲလိုက်တော့ ကိုယ်ရိုင်းတာသာ

လူသိသွားတာ တစ်ဘက်လူအတွက်ဘာမှ မဖြစ်သွားဘူး

ဒီတော့ သိပ်ကို ဆဲချင်ပါတယ်ဆိုတဲ့ သူတွေက profile

ချိန်းပြီးဆဲတယ် account အတုနဲ့ဆဲတယ်

ဘယ်လိုဆဲဆဲ မကောင်းပါဘူး အပြစ်တင်လိုက်ပါ ဝေဖန်

လိုက်ပါ မဆဲကြပါနဲ့ ကိုယ်ရိုင်းတာလူသိပါတယ်

လောကအလယ်မှာ နေကြဖို့ဆိုရင် တတ်ယုံနဲ့မပြီးပါ

နပ်ဖို့လိုပါသေးတယ် စိတ်ရှိတိုင်းဆဲနေတာဟာ ကိုယ်စောင့်

နတ် မကြိုက်ပါဘူး ဒီတော့ဆဲတတ်တဲ့ လူတစ်ယောက်ဟာ

ကိုယ့်ဘဝအတွက် ဘာအကျိူးရှိလို့ ဆဲတာလဲ ဆိုတာလေး

ပြန်သုံးသပ်စေချင်တယ် ကိုယ့်ကို ပတ်ဝန်းကျင်တစ်ခုလုံး

Facebook က user တွေအားလုံးက အထင်သေးအမြင်

သေးမဖြစ်အောင် မဆဲကြပါနဲ့လားဗျာ

မှတ်ချက်။ ။ ဒီpost ကိုမြင်ပြီးဆဲလိုကဆဲနိုင်သည်” 

ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးတဲ့“ဂယ်ဘဲသရဲနှင့်သူငယ်ရွာ”ဇာတ်ကားကိုလည်းလာရောက်အားပေးဖို့ဖိတ်ခေါ်ထားသလိုအဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားပါတယ်။ “ဒီကားရဲ ့ရည်ရွယ်ချက်က အချစ်ဆိုတာ လိင်တူဖြစ်စေ,လိင်ကွဲဖြစ်စေအချစ်ဆိုတာ တစ်ယောက်နဲ ့တစ်ယောက် ချစ်နေ ဖို ့ဘဲလိုတယ်, ဆိုတာပြသထားတာပါ အများထင်သလိုမျိုး မိန်းမလျာတွေကို ဒီကားမှာစော်ကား နောက်ပြောင် ခြင်းလုံးဝမရှိဘဲကိုယ်ချင်စာ စွာ ကြင်နာယုယစွာနဲ ့ အချစ်ဆိုတာ ချစ်နေဖို ့ဘဲ လိုတာပါလို ့ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။

Aung

Source: ဒါရိုက်တာ ပြည်ဟိန်းသီဟဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။