အနုပညာအပိုင်းနဲ့ပတ်သက်ပြီးကာလာကြာရှည် ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားသလို ကျရာဇာတ်ရုပ်နဲ့အညီ အကောင်းဆုံးသရုပ်ဆောင်လေ့ရှိတဲ့ အကယ်ဒမီခိုင်သင်းကြည်က ရုပ်ရှင်တစ်ကားလုံးမှာ “ပန်းပွင့်အဆင်လေး”တွေပဲဝတ်ကာသရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါဇာတ်ကားကတော့ အံဝင်ဂွင်ကျရုပ်ရှင် ဖြစ်ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်း၊ဒါရိုက်တာ ပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးတာပါ။

ဇာတ်ကားမှာပါ၀င်သရုပ်ဆောင်တဲ့ခိုင်သင်းကြည်ကတော့“ပန်းမြို ့တော်မှာရိုက်လို ့တကားလုံးပန်းပွင့်အဆင်လေးတွေဘဲဝတ်လိုက်တယ်✌️အံဝင်ဂွင်ကျရုပ်ရှင်ဒီဇိုင်နာမျိုးမင်းစိုး BKK ပိုးနှင့်ဇာ” ဆိုပြီး ပရိသတ်ကြီးကို ပြောလိုက်ပါတယ်။ 

အဆိုပါ “အံဝင်ဂွင်ကျ” ရုပ်ရှင်ကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ထုတ်လုပ်ပြီးဇာတ်လမ်း၊ ဇာတ်ညွှန်း၊ဒါရိုက်တာ ပြည်ဟိန်းသီဟက တာဝန်ယူ ပုံဖော်ထားပါတယ်။ပါ၀င်သရုပ်ဆောင်တွေကတော့လူမင်း၊သူရိယ၊အောင်မင်းခန့်၊ဂျိုကာ၊ခိုင်သင်းကြည်၊အိချောပို၊ခင်လှိုင်၊ဆင်မ၊အုန်းသီး၊တက္ကသိုလ်ဂွမ်းပုံ၊၀ါ၀ါအောင်တို့အပါအဝင် အနုပညာသရုပ်ဆောင်များစွာပါ၀င် ရိုက်ကူးထားပါတယ်။

Aung

Source: ခိုင်သင်းကြည်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။