၅နှစ်အတွင်းအကယ်ဒမီ(၄)ကြိမ်ရရှိထားတဲ့ပြေတီဦးဒီနှစ်မှာရောထပ်ဆင့်အကယ်ဒမီထပ်မံချီးမြင့်ခြင်းခံရမလားဆိုတာစိတ်ဝင်စားစရာပါ။ရာဇဝင်ရိုင်းသူများဇာတ်ကား၊ရင်ဘက်ထဲကဓား၊ကပ္ပယနေဝင်အိပ်တန်းတက် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကြောင့် ဒီနှစ်အကယ်ဒမီဆုအတွက် ပြေတီဦးထပ်မံဆုဆွတ်ခူးရရှိဖို့ ပရိသတ်က မျှော်လင့်နေပါတယ်။တကယ်လို့ ဒီနှစ်အကယ်ဒမီဆုထပ်မံဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ (၅)ကြိမ်မြောက်အကယ်ဒမီဆု ဖြစ်လာမှာပါ။ 

ယခင်ရရှိထားတဲ့ အကယ်ဒမီဆုတွေကတော့ ၂၀၁၀-ခုနှစ်မှာအမျိုးသားသရုပ်ဆောင်ဆုကို ပြေတီဦး က အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ် ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း ၊ ၂၀၁၂-ခုနှစ် မှာ အမျိုးသားသရုပ်ဆောင်ဆု ကို ပြေတီဦး က လက်ပံ ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း ၊

၂၀၁၃-ခုနှစ် မှာ အမျိုးသားသရုပ်ဆောင်ဆု ကို ပြေတီဦး က နင်စေရင် ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း ၊ ၂၀၁၄-ခုနှစ်မှာ အမျိုးသားဇာတ်ဆောင်ဆုကို ပြေတီဦး- နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း အသီးသီးရရှိခဲ့တာပဲဖြစ်ပါတယ်။

ပြေတီဦးကို ၁၉၇၈ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့မှာရန်ကုန်မြို့ ၌ အဖ ဦးတင်မောင်ဦး၊ အမိ ဒေါ်တီတီ တို့ကမွေးဖွားခဲ့တာပါ။မွေးချင်း သုံးယောက်အနက် အလတ်ဖြစပြီးကျန်နှစ်ယောက်က မိန်းကလေးတေတွပါ။ အစ်မ နာမည်က ဆွေတီဦး၊ ညီမငယ် နာမည်က ငွေတီဦးဖြစ်ပါတယ်။ ပြေတီဦးက၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှာ မြန်မာ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် နဲလက်ထပ်ခဲ့ပါတယ်။လက်ရှိမှာတော့ပြေတီဦးပညာရေးဖောင်ဒေးရှင်းကိုထူထောင်ထားရှိပါတယ်။

Aung

Source: Internet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။