အမေရိကန် သမ္မတဒေါ်နယ်ထရန့် က ကုလသမဂ္ဂ အထွေထွေညီလာခံမှာပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ကို ပြောကြားသွားခဲ့ပါတယ်။ သမ္မတထရန့် က လူဦးရေ ၂၆သန်းရှိတဲ့ မြောက်ကိုရီးယား နိုင်ငံကို လုံးဝဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို လည်း “rocket man” (ဒုံးကျည်လူသား) ဆိုပြီး လှောင်ပြောင်လိုက်ပါတယ်။

သမ္မတထရန့် ရဲ့ မိန့်ခွန်းမှာ မြောက်ကိုရီးယား အရေးအပြင် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုတွေဖြစ်တဲ့ အီရန်၊ ဗင်နီဇွဲလား ပြဿနာတွေအပြင် အမေရိကန်ပြည်ထောင်စု ကိုကာကွယ်ဖို့ ကိစ္စရပ်တွေကို ပြောကြားသွားခဲ့ပါတယ်။ “အမေရိကန် ဟာ စိတ်ရှည်သည်းခံပြီး ကြီးမားတဲ့ အင်အားရှိပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အနေနဲ့ သူနဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ တောင်းဆိုလာတဲ့အခါတိုင်းမှာ ကျွနု်ပ်တို့မှာ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိပါဘူး” လို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံတက်ရောက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပြောကြားခဲ့ပါတယ်။

ကျယ်ကျယ်လောင်လောင် နဲ့ တစ်ခန်းလုံး ဟိန်းနေတဲ့ လေသံဖြင့် ထရန့်က “ဒုံးကျည်လူသားဟာ ကိုယ့်သေတွင်းကိုယ်တူး နေတဲ့ မစ်ရှင်ကိုလုပ်ဆောင်နေတယ်” လို့ ကင်ဂျံုအန်းကို ပြောကြားလိုက်ပါတယ်။ ထရန့်မိန့်ခွန်းကို နားထောင်နေကြတဲ့ အစည်းအဝေးခန်းမ အတွင်း ကိုယ်စားလှယ် တွေထဲက တစ်ယောက်ကတော့ ထရန့်ရဲ့ မြောက်ကိုရီးယား နိုင်ငံကို လုံးဝဖျက်စီးပစ်မယ်ဆိုတဲ့ မှတ်ချက်ကို ကြားပြီးနောက် သူ့မျက်နှာ ကို လက်နဲ့ဖုံးအုပ်ပြီး စိတ်ပျက်တဲ့ အမူအရာကိုပြသခဲ့ပါတယ်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကလည်း “ဒီမိန့်ခွန်းဟာ မှားယွင်းပြီး မှားယွင်းတဲ့အချိန်၊ မှားယွင်းတဲ့ ပရိသတ်ကိုပြောကြားခဲ့တာပဲ ဖြစ်တယ်” လို့ အင်တာဗျူး တစ်ခုမှာပြောကြားသွားခဲ့ပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။