ဒီအဖြစ်အပျက်လေးးကတော့ ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ်တိုးချဲ့ (၄) ရပ်ကွက်ထဲမှာဖြစ်သွားတာပါ။ဖြစ်ပွားခဲ့တယ့့်အကြောင်းအရာကတော့ယောကျ်ားဖြစ်သူမှ နေမကောင်း၍ ဈေးရောင်း မထွက်သော အမျိုးသမီးကို လည်ပင်းအား ဓားဖြင့်ထိုးကာ ရဲတင်းဖြင့် ဦးခေါင်းကို ဆင့်ထုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရပါတယ်။

သူမဟာ မှော်ဘီမြို့မဈေး အပြင်တန်းတွင် ကုန်စိမ်းရောင်းချနေသူတစ်ယောက်ဖြစ်ပါတယ်။အသက် ၄၀ အရွယ်ဒီအမျိုးသမီးဟာ စက်တင်ဘာလ ၁၈ ရက်နေ့က နေမကောင်းသဖြင့် ဈေးရောင်းမထွက်ဘဲ တိုးချဲ့ (၄) ရပ်ကွက်၊ ယုဇနလမ်းရှိ မိခင်နေအိမ်သို့ သွားရောက်အိပ်နေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ယခုလို ကိစ္စရပ်များကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ် ဝင်းအောင်(ခ) ရွှေလမှ ရောက်ရှိလာပြီး ဈေးရောင်း မထွက်သည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဦး စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

“လင်မယား နှစ်ယောက်လုံး ဈေးရောင်းတာ။ မိန်းမဖြစ်သူက နေမကောင်းလို့ ဈေးရောင်းမထွက်တာကို ခင်ပွန်းဖြစ်သူက အရက်မူးပြီး လိုက်ပြဿနာရှာရာက ရန်ဖြစ်ပြီး ဓားနဲ့ထိုး ရဲတင်းနဲ့ ထုခဲ့တာ။ အမျိုးသမီး ဒဏ်ရာတွေက စိုးရိမ်ရတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေပါတယ်”ဟု ရဲအရာရှိက ရှင်းပြဆိုခဲ့ပါတယ်။ဈေးရောင်း မထွက်သည့် ဇနီးကို ခင်ပွန်းဖြစ်သူက ဖရဲသီးလှီးသည့် ဓားဖြင့် လည်ပင်းအား တစ်ချက်ထိုးသွင်းခဲ့ပြီး ယောက္ခမ၏ နေအိမ်တံခါးနောက်တွင် ထောင်ထားသည့် ရဲတင်းဖြင့် ဇနီး၏ ဦးခေါင်းကို သုံးချက်ဆင့် ထုရိုက်ခဲ့သောကြောင့် အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် ဝင်းအောင် (ခ) ရွှေလုကို ဖမ်းဆီးပြီး မှော်ဘီမြို့မ ရဲစခန်းက (ပ) ၁၁၂၇/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

သတင်းအရင်းအမြစ်-the voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။