မနက်(၁၁)နာရီနေ့ခင်းဘက်ကားဌားစီးတဲ့ခရီးသည်မိန်းမပျိုကိုသတ်ရန်ကြံစည်၍ပစ္စည်းလုယူသွားသောတရားခံကိုမိပြီမို့ထိထိရောက်ရောက်အရေးယူနိုင်အောင်ကူညီပေးကြပါ
27.10.2016နေ့လည်(11)နာရီခန့်တွင်မ×××
သည်မ/ဒဂုံ(၄၆)လမ်းဆုံမှနာကူအသင်းသို့
လုပ်အားပေးသွားရန်Tစီးaxiဌားစီးခဲ့ပါသည်။(၄၇ )ရပ်ကွက် ဘုရင့်နောင်လမ်းထိပ် မရောက်ခင် ဗိုလ်မှူးဗထူးလမ်းမပေါ် (မ/ဒဂုံ) လည်းရောက်ရော taxi သမားက ကားကိုရပ်ပြီး ကားဘာဖြစ်လဲမသိဘူး ခဏနော်ဆိုပြီး အောက်ဆင်းသွားတယ်တဲ့။
ပြီးတော့ ကားစက်ဘောနပ်ဖုံးကိုလှန်ပြီး ကားဘေးကနေပတ် နောက်ဖုံးထဲမှာ ပစ္စည်းယူသလိုနဲ့ နောက်ဖုံးထဲဝင်ထိုင်ပြီး ခရီးသည် ညီမရဲ့လည်ပင်းကို ကြိုးနဲ့ဆွဲပတ် ဆွဲထားပြီးတော့ ပါးတွေ နံကြားပေါင်တွေကို လက်သီးနဲ့ထိုးတယ်။
နောက်တယ်လီဖုန်းကိုလည်းယူတယ်။အဲ့ဒီအချိန် အဲ့ဒီအမလည်း လည်ပင်းအညှစ်ခံထားရတာရော အထိုးခံထားရတာရော ရောပြီ သတိလစ်မတတ်ဖြစ်နေပြီ။
အဲ့ဒီအချိန်ရှေ့ခန်းကိုကူးလာပြီးလည်ပင်းကိုလက်နဲ့ညှစ်ပြီးဆွဲကြိုးမပေးရင်သတ်ပစ်မယ်ဆိုပီးဆွဲကြိုးဖြတ်ယူတယ်။
ပီးတော့ ကားသမားက လမ်းဘေးကိုအတင်းဆင်းခိုင်းတယ် နောက်လှည့်ကြည့်ရင်ကားနဲ့တိုက်သတ်မယ်လို့ပြောတော့ လမ်းဘေးမှာငုတ်တုတ်လေး ဘယ်မှမကြည့်ရဲဘူးတဲ့။ဖုန်းကိုတော့ ဘေးနားကလယ်ကွင်းဖက်ကို
ပစ်ချပြီးကားကထွက်သွားတယ်။ကားနံပါတ်လည်း မမှတ်မိလိုက်ဘူး။ဆွဲကြိုးပါသွားပြီး အခု အဲ့ညီမက ဆေးရုံပေါ်မှာရောက်နေတယ်။
ဒါပေမယ့် ကားသမားရဲ့ သတိပေါ့လျော့မှုကြောင့် အဲ့ဒီမတိုင်ခင် ဆီဆိုင်မှာ ဆီဝင်ထည့်တာကို မှတ်မိခဲ့တဲ့အတွက် မနေ့ကဆီဆိုင်က CCTV ကတဆင့် ကားသမားကို ဖမ်းမိခဲ့ပါပြီ။
ဒါပေမယ့် အမှုအခင်းတွေကလည်း ကြားနေရတာ တစ်ခုပြီးတစ်ခု လမ်းပေါ်မှာ နေ့ခင်းကြောင်တောင်ကြီးတောင် ဒုစရိုက်သမားတွေက အတင့်ရဲလာပြီး စော်ကားနေကြပြီ။ဒီအတိုင်းကြည့်မနေကြပါနဲ့တော့။လုံခြုံမှု မရှိတော့ဘူး။
ထိရောက်သောပြစ်ဒဏ်ချမှသာလျှင်မှုခင်းများကြဆင်းပြီးတရားဥပဒေစိုးမိုးနိုင်မှာပါ။
ကံဆိုးစွာနဲ့ဆေးရုံတက်နေစဉ်ဒီနေ့မနက်မှာဘဲတယ်လီဖုန်းကလည်းအခိုးခံလိုက်ရတယ်။
Credit.Tun Kyaw Han
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။