အရက်လုံးဝရှောင်ကြဉ်သူများသည် ပုံမှန်အရက်သောက်သုံးသူများထက် သက်တမ်းပို၍တိုကြောင်း လေ့လာမှုအသစ်တရပ်တွင် ထုတ်ဖော်တင်ပြထားတာဖြစ်ပါတယ်။ဒီလေ့လာမှုများကိုတော့ အမေရိကန်ပြည်ထောင်စု အော်စတင်ရှိ တက္ကဆက်တက္ကသိုလ် မှစိတ်ပညာရှင် ချားစ်ဟိုလာဟန် ဦးဆောင် သော သုတေသီများကအသေးစိတ်လေ့လာခဲ့တာဖြစ်ပါတယ်။

စိတ်ပညာရှင် ချားစ်ဟိုလာဟန် ဦးဆောင် သော သုတေသီများက အ နှစ် ၂၀ ကာလအတွင်း လူမှုစီးပွားရေးအဆင့်အတန်းအမျိုးမျိုးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ဒီလိုလေ့လာမှုများတွင် အသက် ၅၅ နှစ်မှ ၆၅ နှစ်အရွယ်ကြား ပုဂ္ဂိုလ်များကို လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ရာ အရက်တကြိမ်မျှ မသောက်ခဲ့သူများတွင် သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်းသိရှိရပါတယ်။အရက်များစွာ သောက်သုံးသူများမှာမူ သေဆုံးမှုနှုန်းလျော့နည်း၍ အရက် အသင့်အတင့်သောက်သုံးသူများမှာမူ သေဆုံးမှုနှုန်းအနိမ့်ဆုံးဖြစ်ကြောင်း တွေ့ရှိ ခဲ့ကြသည်ဟု ဆိုပါတယ်။

၁၈၂၄ ဦးအားလေ့လာပြီး သုတေသနပြုလုပ်ခဲ့ရာ အရက်ကိုပုံမှန် သောက်သုံးသူ ၄၁ ရာခိုင်နှုန်းမှာ အချိန်မတန် သေးဘဲ သေဆုံးခဲ့ကြပြီး အရက်လုံးဝမသောက်သူ ၆၉ ရာခိုင်နှုန်းမှာမူ အချိန်မတန်မီ သေဆုံးခဲ့သည်ကို တွေ့ခဲ့ရသည်ဟု ဆိုပါတယ်။အဆိုပါ အယူအဆနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော ရှင်းချက်တရပ်ရှိသည်။ ယမကာသည် လူမှု ရေးချောဆီတခု ဖြစ်နိုင်ပြီး ခိုင်မာ သော လူမှုရေးကွန်ရက်များသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေးကို ထိန်းသိမ်းရာတွင် မရှိမဖြစ်လိုအပ်သည်ဟု ဆိုပါတယ်။

သတင်းအရင်းအမြစ်-news watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။