ယနေ့စက်တင်ဘာ(၂၀)ရက်နေ့ဟာ ရုပ်ရှင်သရုပ်ဆောင် လမင်းကဗျာရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင် လမင်းကဗျာ အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးကြပါဦးနော်.. သူမဟာ မွေးနေ့ကို သူမရဲ့ Fan များနှင့်အတူ အလှူဒါန်းများနှင့် ဖြတ်သန်းခဲ့ပါတယ်။ သူမဟာ ဒီနှစ်မွေးနေ့လေးဟာ ရက်ရော၊ နေ့ရော တိုက်တဲ့အတွက် ထူးထူးခြားခြားလေး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

မွေးနေ့မှာ ကြည့်မတိုင်ရှိ မျက်မမြင်ကျောင်းမှာ မွေးနေ့အလှူအဖြစ် မနက်စာကျွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ရွှေတိဂုံဘုရားမှာလည်း မွေးနေ့ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပြီး ဘရားဖူးလာ ဧည့်သည်များနှင့် ရဟန်းသံဃာများကိုလည်း ကြက်ဆီထမင်းများ လှူဒါန်းပြုလုပ်ခဲ့ပါတယ်

သရုပ်ဆောင်လမင်းကဗျာက ဇာတ်ပို့ဇာတ်ရန်အဖြစ် ရုပ်ရှင်ကားကြီးများနှင့် ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ် အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လမင်းကဗျာဟာ လာမယ့် စက်တင်ဘာ(၂၉)ရက်နေ့မှ အောက်တိုဘာ(၁၀)ရက်နေ့ အထိ ဖားကန့်မြို့မှာ ကျင်းပပြုလုပ်မယ့် အနန္တမုနိစေတီတော်မြတ်ကြီး သီတင်းကျွတ်ဆီမီးပူဇော်ပွဲမှာ အိမ့်ချစ်၊ X-Box၊ သင်ဇာဝင့်ကျော် တို့နှင့်အတူ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဇာတ်ကားများ ဇာတ်ကားကူးနေပြီး MTV များလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။