သံတူကြောင်းကွဲရုပ်ရှင်
ဇင်မျိုးနဲ့ပြေတီဦးတို့ဟာအရမ်းခင်ကြတဲ့
သူငယ်ချင်းတွေပါ။တစ်ချိန်ကအနုပညာလောကမှာ
ပြေတီဦးရောဇင်မျိုးရောဇာတ်ပို့ဇာတ်ရံအဖြစ်အတူ
ကျင်လည်ခဲ့ကြဖူးပါတယ်။နောက်ကျတော့ပြေတီဦး
ကမင်းသားဖြစ်သွားပြီးဇင်မျိုးကတော့လုပ်ပိုင်ခွင့်
မရခဲ့ အခွင့်အရေးမရခဲ့တာကြောင့်ဇာတ်ပို့နေရာမှာပဲ
ကျန်နေခဲ့ပြီးဇာတ်ပို့တစ်ယောက်အနေနဲ့သူ့ဘဝကို
ကျေနပ်စွာခံယူခဲ့ပါတယ်။
ပြေတီဦးနဲ့ဇင်မျိုးတို့ရဲ့သံတူကြောင်းကွဲရုပ်ရှင်လေး
အကြောင်းပေါ့။ပြေတီဦးအနေနဲ့ရုပ်ရှင်ကားကြီး
တွေရိုက်ပြီးအကယ်ဒမီအတွက်တစ်ပြေးနေချိန်မှာ
ဇင်မျိုးကတော့ဗီဒီယိုလောကပျက်သွားလို့
ဇာတ်ပို့တွေရဲ့အနာဂါတ်ကိုတွေးပူနေရရှာပါတယ်။
ကံကြမ္မာကိုဘယ်သူမြင်နိုင်မှာလည်း။အားလုံးဟာ
ကံဇာတ်ဆရာအလိုကျ။
ဒါပေမယ့်ဇင်မျိုးစိတ်ဓာတ်မကျခဲ့ပါဘူး။
သူရောက်နေတဲ့နေရာကနေအကောင်းဆုံး
သရုပ်ဆောင်မှုတွေနဲ့ဇာတ်ပို့လောကမှာဇင်မျိုးဆိုတဲ့
နာမည်တစ်ခုကိုသူစိုက်ထူထားခဲ့ပါတယ်။
အခွင့်အရေးဆိုတာစောင့်နေတဲ့သူဆီရောက်လာတတ်သလိုပဲ
ဇင်မျိုးအဓိကနေရာကနေသရုပ်ဆောင်ရတဲ့ဗီဒီယိုကားလေး
တစ်ခုထွက်ပေါ်လာပါတယ်။"ချစ်သူဖြစ်ခွင့်ရချင်သည်"
ဆိုတဲ့ကားလေးမှာနေဒွေးကိုကြိုက်တဲ့လိင်တူချစ်သူဇာတ်ရုပ်မှာပြောင်မြောက်စွာသရုပ်ဆောင်ခဲ့တဲ့ဇင်မျိုးကိုတွေ့လိုက်ရပါတယ်။ဟာသဇာတ်ရုပ်မဟုတ်တကယ့်မေတ္တာရဲ့အလှတရားကိုဇင်မျိုးအကောင်းဆုံးဖော်ပြသရုပ်ဆောင်ပြခဲ့ပါတယ်။မကြည့်ရသေးရင်တော့ကြည့်လိုက်ပါ။အရမ်းကောင်းပါတယ်။
ဇင်မျိုးလည်းဒီဗီဒီယိုကားလေးကနေတဆင့်သူငယ်ချင်း
ပြေတီဦးလိုအဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်လာပါစေလို့
တောင်းဆုပြုပေးလိုက်ပရစေ။
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။