Park Ji Sang – “Blood”

Park Ji Sang (Ahn Jae Hyun) ကတော့ ဇာတ်လမ်းထဲမှာ အရမ်းကို စတိုင်ကျတဲ့ ဆရာဝန်ပါပဲ။ သူဟာအရမ်းကို ဆရာဝန် ပုံစံ နဲ့လိုက်ဖက်သူပါ။

Kang Dong Joo – “Romantic Doctor Kim”

Dr. Kang Dong Joo (Yoo Yeon Seok) ကတော့ အလွန်ခံ့ညားတဲ့ ဆရာဝန်ပါပဲ။ သူဟာ ဆရာဝန် ဇာတ်ရုပ်နဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာ ကြောင့်ပရိသတ် အချစ်တော်ပါ။

Chang Min – “Emergency Couple”

ခပ်ချေချေ စတိုင် နဲ့ Chang Min (Choi Jin Hyuk) ဟာ တကယ့်ကို ဆရာဝန်ပုံစံနဲ့လိုက်ဖက်ပြီး စတိုင်ကျသူပါ။ သူဟာ ဂျူတီကုပ် နဲ့ တည်ကြည်ခန့်ငြားပြီး လိုက်ဖက်နေပါတယ်။

Kim Seong Woo – “Medical Top Team”

Dr. Kim Seon Woo (SHINee’s Choi Minho) ကတော့ ဆရာဝန် ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူပါ။ ခပ်မိုက်မိုက် အထာ နဲ့ Minho က သရုပ်ဆောင်ထားတာကြောင့် ပရိသတ် အားပေးမှု တွေ တခဲနက်ရထားပါတယ်။

Park Hoon – “Doctor Stranger”

Dr. Park Hoon (Lee Jong Suk) ကတော့ သူ့ရဲ့ သရုပ်ဆောင် အတွေ့အကြုံတွေနဲ့ ဆရာဝန် ပုံစံ အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။ Lee Jong Suk ကိုအားပေးလိုက်ကြပါဦး။

Han Jae Joon – “Doctor Stranger”

Dr. Han Jeae Joon (Park Hae Jin) ကိုလည်းချန်ထားလို့မဖြစ်နိုင်ပါဘူး။ ဆရာဝန်ပုံစံနဲ့ အရမ်းလိုက်ဖက်သူမို့ပါ။

Kwak Hyun – “Hospital Ship”

Dr. Kwak Hyun (Kang Min Hyuk) ကလည်း ပရိသတ်ထောက်ခံမှု အများကြီးရရှိထားသူပါ။ သူ့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေ ကြောင့် အောင်မြင်မှုရရှိနေသူပါ။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။