ဥပဒေဘောင်နဲ့ငြိစွန်းတဲ့ပြစ်မှု ကိုယ်စီကြောင့် လက်ရှိအချိန်ထိ အကျဉ်းကျနေတဲ့ အနုပညာရှင်နှစ်ဦးကတော့ မင်းသားချော မိုးအောင်ရင် နဲ့ ရဲတိုက် ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လွမ်းနေကြတဲ့ ပရိသတ်တွေ ရှိမယ်ဆိုရင် ဒီဓာတ်ပုံလေးတွေပြန်ကြည့်ပြီး အလွမ်းပြေလိုက်တော့နော်။

ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ရဲ တိုက်နဲ့ မိုးအောင်ရင် တို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ မင်းသားတွေဖြစ်ပါတယ်။

နာမည်ရရှိထားပြီး မင်းသားနှစ်လက်ဖြစ်သလို ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ သူတို့နှစ်ဦး ရဲ့ ဇာတ်ကားတွေကတော့ အမှတ်တရအဖြစ်ကျန်ရှိနေဆဲပါပဲ။

အဆိုတော်အောင်ရင်ရဲ့ သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင်ဟာ (၂၀၁၆)ခုနှစ်က မူးယစ်ဆေးဝါးလက်ဝယ်သုံးစွဲမှုနဲ့ ပြစ်ဒဏ်ကျခံနေရပြီး ထောင်ထဲမဝင်ခင်သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇွတ်ကျား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်တလော ရုံတင်ပြသနေပြီဖြစ်ပါတယ်။

နာမည်ကျော်မင်းသားမင်းသမီးတွေအစုံအလင်ပါ၀င်သရုပ်ဆောင်ထားတဲ့ အဲ့့ဒီဇာတ်ကားကို ကြည့်မိတဲအခါ မိုးအောင်ရင်ကို သတိရမိတယ်လို့ အနုပညာမောင်နှမအချို့က ရင်ဖွင့်ထားကြပါတယ်။

ရုပ်ရှင်နဲဗွီဒီယိုသရုပ်ဆောင် ရဲတိုက်ဟာ (၂၀၁၃)ခုနှစ် ကစပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပဲ ထောင်ဒဏ်(၆)နှစ်နဲ့ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်။

သူ့တို့နှစ်ဦးနဲ့ပတ်သက်ပြီး အနုပညာအသိုင်းဝိုင်းအပါအဝင် ပရိသတ်တွေကတော့ ပြန်လာမယ့်နေ့ကို မျှော်နေကြပါတယ်။  

Source : facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။