လူမြင်ကွင်းကိုထွက်လာတဲ့ဗိုလ်ချုပ်

ကျော်ကျော်မျိုးဟာရှမ်းယူနိုက်တက်အသင်းရဲ့

တိုက်စစ်မှူးဟောင်းပါ။ဗိုလ်ချုပ်ရုပ်ရှင်အတွက်

သူရဲ့အသက်မွေးဝမ်းကြောင်းဘောလုံးသမား

ဘဝကိုတောင်စွန့်လွတ်ခဲ့သူပါ။ဗိုလ်ချုပ်ရုပ်ရှင်

ကလဲထွက်ဖို့ကြန့်ကြာနေတာကြောင့်

သူအနေနဲ့လူမြင်ကွင်းကနေအတော်ကြာပျောက်ဆုံးနေခဲ့ပါတယ်။သူအခုလူမြင်ကွင်းကိုပြန်ထွက်လာပါပြီ။

စာရေးဆရာမောင်သာချိုကစာပေဟောပြောပွဲတစ်ခုမှာ

ဗိုလ်ချုပ်ရုပ်ရှင်မရိုက်ဖြစ်တာကကျော်ကျော်မျိုးဝပြီး

ဝိတ်တက်လာလို့ဆိုပြီး

ပြောခဲ့ဖူးပါတယ်။အခုကိုဇာနည်ရဲ့ရုပ်ရှင်ရိုက်ကွင်း

မှာတွေ့ရတဲ့ကျော်ကျော်မျိုးကတော့ပုံမှန်ပါပဲ။

မောင်သာချိုအဲ့လိုပြောလိုက်တဲ့ဂယက်က

တော်တော်ကြီးသွားတာတော့အမှန်ပါပဲ။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးထဲမှာပါတဲ့

ဇာဂနာကဆိုကိုသာချိုစကားကိုကိုသာချိုတာဝန်ယူရမယ်လို့

ပြောခဲ့တဲ့အထိပါပဲ။

လ်ချုပ်ရုပ်ရှင်ကိုဒါရိုက်တာအဖြစ်မင်းထင်ကိုကိုကြီးက

တာဝန်ယူထားပြီးအဓိကသရုပ်ဆောင်ဗိုလ်ချုပ်အောင်ဆန်းနေရာမှာရှမ်းယူနိုက်တက်တိုက်စစ်မှူးဟောင်းကျော်ကျော်မျိုး၊

ဒေါ်ခင်ကြည်နေရာမှာတော့ဇာခြည်လင်းတို့သရုပ်ဆောင်

ကြမှာပါ။ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီကို

2012ကတည်းကဖွဲ့စည်းခဲ့ပြီးဗိုလ်ချုပ်နှစ်တစ်ရာပြည့်ဖြစ်တဲ့

2015ခုနှစ်ဖေဖော်ဝါရီ13မှာပြဖို့မျှော်မှန်းခဲ့ပေမယ့်

ဖြစ်မလာခဲ့ပါဘူး။မင်းထင်ကိုကိုကြီးကတော့2019ဒီဇင်ဘာမှာပြီးစေရမယ်လို့ကတိပေးထားပါတယ်။သေချာတာကတော့မောင်သာချိုပြောသလိုဗိုလ်ချုပ်ဝမလာပါ။ 

Source-Zarni htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။