ယုသန္တာတင်ကတော့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကာရိုက်တာမျိုးစုံကိုရိုက်ကူးထားတဲ့ မင်းသမီးတစ်လက်ပါ။သူမရဲ့ ပရိသတ်တွေကလည်း အခိုင်အမာရှိနေတာဖြစ်ပါတယ်။ယုသန္တာတင်ကလည်း ပရိသတ်တွေအတွက်အမြဲ ပျော်ရွှင်စရာလေးတွေကိုဖန်တီးတက်သူတစ်ယောက်ပါ။

နုနုရွရွလေး ဇာတ်ကောင်ပုံစံတွေ အများအပြားရိုက်ကူးထားပေမယ့် လည်းသူမကနောက်ထပ် ပရိသတ်တွေအတွက် ကာရိုက်တာအသစ်အဆန်းတွေကို ရိုက်ကူးချင်တယ်လို့လည်းသိရပါတယ်။အဓိက ကတော့ ဇာတ်ရုပ်ပေါင်းစုံကိုရိုက်ကြည့်ချင်တဲ့သဘောပါ။ အရင်တုန်းကထွက်ထားတဲ့ဇာတ်ကားလေးတွေကလည်း နုနုရွရွ ဇာတ်ကားပုံစံလေးတွေပဲထွက်တာများတော့ ညီမကို နူးနူးညံ့ညံ့ပုံလေးတွေမြင်တာပေါ့။ညီမက သရုပ်ဆောင်တစ်ယောက်ဆိုတော့ ညီမလုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ဇာတ်ရုပ်တိုင်းအပေါ်မှာ ညီမ ကြိုးစားကြည့်ချင်ပါတယ်လို့ ပြောပါတယ်။

ယခုအခါမှာတော့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေလိုက်ရပါတယ်။မြန်မာဝတ်စုံလေးဟာ သူမနဲ့ အရမ်းလိုက်ဖက်တယ်လို့လည်းမြင်မိပါတယ်။ဟော့ရှော့တွေ ခေတ်စားနေတယ့် ခေတ်မှာ ရိုးရိုးလေးနဲ့လှနေတယ့် ယုသန္တာတင်ကိုတော့ ပရိသတ်တွေအားပေးမယ်လို့လည်းထင်ပါတယ်။

သတင်းအရင်းအမြစ်-NONO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။