2NE1

2NE1 အဖွဲ့ဟာ အလွန်ကျော်ကြားတဲ့ အမျိုးသမီး K-Pop အဖွဲ့ပါ။ ၂၀၁၅ ခုနှစ်မှာ လည်း Mnet Asian Music Awards ကို “Fire” နဲ့ “I am The Best” သီချင်းတွေနဲ့ ရရှိခဲ့ပါတယ်။ 2NE1 အဖွဲ့ ဟာ အာရှတစ်ခွင်မှာ လည်း ပရိသတ်ထောက်ခံမှု အပြည့်အဝ ရရှိထားပါတယ်။

Girls’ Generation

Girls’ Generation အဖွဲ့ဟာ Performance လည်းကောင်းသလို အဖွဲ့ဝင်တွေဟာ လည်း အလွန်ကျော်ကြားပါတယ်။ “Catch Me If You Can” သီချင်းဟာ Performance အလွန်ကောင်းတာကြောင့် ပရိသတ်အားပေးမှု အမြောက်အမြား ရရှိခဲ့ပါတယ်။

DreamCatcher

အဖွဲ့သစ် DreamCatcher ကတော့ သူတို့ရဲ့ Performance အလန်းစားတွေကြောင့် လူကြိုက်များလာခဲ့ပါတယ်။ အက လေ့ကျင့်မှုတစ်ခုမှာ တော့ Big Bang အဖွဲ့ရဲ့ Bang Bang Bang ကို လေ့ကျင့်ခဲ့ကြပါသေးတယ်။

Brown Eyed Girls

သူတို့ ရဲ့ ကကွက်ဆန်းတွေကြောင့် ကျော်ကြားလာတဲ့ အဖွဲ့ကတော့ Brown Eyed Girls အဖွဲ့ပါ။ “Abracadabra” ဆိုတဲ့ ကကွက်ဆန်းတွေနဲ့ တင်ဆက်ထားတဲ့ သီချင်းဟာ အတော်လေး လူကြိုက်များခဲ့ပါတယ်။

PRISTIN

PRISTIN အဖွဲ့ ရဲ့ အဖွဲ့ဝင်တွေကတော့ စွယ်စုံရတဲ့သူတွေပါ။ သူတို့ဟာ အဆိုရော အကရော တော်တဲ့သူတွေဖြစ်တာ ကြောင့် ပရိသတ် အခိုင်အမာ ရရှိထားပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။