လေ့လာတွေ့ရှိချက်အရတော့ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ ရဲယိုသီးကို ဖျော်ရည်ပြုလုပ်ပြီးသောက်ပေးပါက အင်ဆူလင်အာနိသင်ကို ပိုမိုကောင်းမွန်စေပါတယ်။အင်ဆူလင်ဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ့ပေးပါတယ်။ရဲယိုသီးမှာထရိုင်တာပင်းနဲ့ ဆပ်ပိုနင်တွေ ပါဝင်တာကြောင့် ဆီချိုသွေးချိုရောဂါရှိသူတွေအတွေက်တော့ သွေးတွင်းသကြားဓာတ် မမြင့်တက်အောင်ထိန်းပေးနိုင်တယ့်အတွက်ကြောင့်ရဲယိုသီးဖျော်ရည်ကို သောက်သင့်ပါတယ်။

နောက်ပြီးရဲယိုသီးဟာ အစာချေဖျက်မှု ကိုကောင်းမွန်စေပါတယ်။ရဲယိုသီးမှာပါဝင်တဲ့ အမျှင်ဓာတ်များက အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ဝမ်းပျော့စေတဲ့ အာနိသင်ရှိတယ့်အတွက်ကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ဗိုလ်နာဗိုလ်အောင့်တာ အပါအဝင် အစာအိမ်ပြသာနာတချို့ကိုလည်း သက်သာပျောက်ကင်းစေတဲ့ အာနိသင်လည်းရှိပါတယ်။ရဲယိုသီးဖျော်ရည်သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏကို မြင့်မားစေပြီး ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုတက်ကြွစွာ လုပ်ဆောင်နိုင်ပါတယ်။ရဲယိုသီးထဲမှာတွေ့ရတဲ့ဒြပ်ပေါင်းက မောပန်းနွမ်းနယ်မှုနဲ့စွမ်းအင်ကျဆင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။မှတ်ဉာဏ်စွမ်းအားတွေကိုလည်း ကောင်းမွန်စေပါတယ်။ဖိုက်တိုစတီရောတွေပါဝင်တာကြောင့် သွေးကြောထဲကို ကိုလက်စထရောစုပ်ယူမှုမရှိအောင် ကာကွယ်ပေးပါတယ်။အဲအာနိသင်တွေနဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိတဲ့ ရဲယိုသီးဖျော်ရည်လုပ်နည်းလေးကိုလည်းတင်ပေးလိုက်ရပါတယ်။

ရဲယို သီး အစိမ်းရောင်မှ အဖြူရောင်ပြောင်းသွားသည့်အခါ ခူးဆွတ်လိုက်ပါ။ထို့နောက် ရဲယိုသီး များ လုံးလုံးလျားလျား မှည့်သွားသည် အထိ ထားပါ။မီးခိုးရောင်ပြောင်းသွားသည့်အခါအစေ့များကို ဇကာ ဖြင့် တိုက်၍ ဖါယ်ရှားပေးပါ။ပြီးလျှင် အစေ့ဖါယ်ပြီးသား အဖတ်များကိုပျားရည်စစ်စစ် ဖြင့် ခေါက်စားပါ။အစာအိမ်ထဲတွင်အစာမရှိသည့်အချိန်စားပေးပါ။ရေ ဝ ဝသောက်ပေးပါ။ရဲယိုစား ပြီး နာရီဝက် အတွင်းကော်ဖီ လက်ဖက်ရည် ကျွဲရိုင်းကိုကာကိုလာ ရေနွေး ကြမ်း များအခြား အစားအစာများ မစားရ။ရဲယို နှင့် မတည့်သောကြောင့်မဟုတ်ပါ။ရဲယိုအာနိသင် ကျမှာစိုး၍ ဖြစ်ပါသည်။ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.................. 

သတင်းအရင်းအမြစ်-ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။