မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတော့ ဥက္ကဠနေရာအတွက် မဲပေးရွေးချယ်နေကြပါဖြစ်တယ်။မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အနုပညာဟာ ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ ထိုအဖွဲ့အစည်းရဲ့ အုပ်ချုပ်တဲ့သူကအရေးအကြီးဆုံးပါပဲ။အရုင်ရုပ်ရှင်အစည်းအရုံး ဥက္ကဠက သရုပ်ဆောင်လူမင်းဖြစ်ပြီး အခုတော့ ပါ၀င်ရွေးကောက်မခံတော့ပါဘူး။

ပါ၀င်ရွေးကောက်ခံသူတွေကတော့ နေထက်လင်၊၀ုိင်း၊ခန့်စည်သူ တို့လည်းပါ၀င်ကြပါတယ်။ဒါရိုက်တာသားညီကတော့ မဲပေးတဲ့နေရာမှာဘက်မလိုက်လဲ မှန်ကန်မှုရှိရှိ ရွေးချယ်ကြဖို့တိုက်တွန်းထားပါတယ်။သရုပ်ဆောင်များစွာကတော့ တတ်ကြွစွာပါ၀င်နေကြတာကိုလည်း ပုံမှာမြင်တွေ့ရမှာပါ။

အခုရွေးချယ်မှု ကြိုတင်မဲရွေးချယ်မှုသာဖြစ်ပါတယ်။မဲရုံသို့လာရောက်မဲပေးတဲ့ သူတွေထဲမှာလဲ ပရိသတ်အချစ်တော်ဖြစ်တဲ့ ၀တ်မှုံရွှေရည်၊ဂွမ်းပုံ၊၀ါ၀ါအောင်နဲ့ယွန်းရွှေရည်တို့လည်း လာရောက်မဲပေးကြတာကိုတွေ့ရပါတယ်။မဲရုံကိုလာပြီးမဲပေးတဲ့ သရုပ်ဆောင်တွေရဲ့ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။