မိတ်ကပ် မထက်ဆိုရင် အနုပညာလောကမှာ မသိသူမရှိသလောက်ပါပဲ.. မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင်ဖြစ်တဲ့ မထက်ဟာ လက်ရှိသူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခွဲခွာခဲ့ရင်တောင် အကောင်းဆုံး ရှင်သန်သွားမှာပါလို့ ပြောပါတယ်။ သူမရဲ့ fb စာမျက်နှာမှာ အခုလိုပဲ ပြောထားပါတယ်။ “လူတွေမသိလေ ပိုကောင်းလေဆိုတာ အလကား မဟုတ်ပါဘူး.. ကျွန်မ စောစော မငိုချင်လို့ပါ.. တကယ်တော့.. လာမယ့်ဘေး ပြေးတွေ့ရမှာ ကြောက်မိခဲ့တယ်.. အခုတော့ သတ္တိရှိရတော့မယ်… ခွဲခွာခဲ့ရင် အကောင်းဆုံး ရှင်သန်နေမှာပါ…” ဟု ရေးသားထားတာ ဖြစ်ပါတယ်။

သူရဲ့ ပို့စ် အောက်မှာတော့ မကြီးစန်း( မိက်ကပ် ခင်စန်းဝင်း) ကလည်း “မီးရေ ချိန်ကိုက်ဗုံးတစ်လုံးကို ပိုက်ထားရသလိုပါဘဲ ဘယ်အချိန် ထပေါက်ကွဲမယ်မှန်း မသိရတဲ့ အခြေအနေပါ” ဟု Comment ပေးရေးသားထားပါတယ်။ “ဟုတ်ပ မကြီးရေ.. မျှော်မှန်းပြီးသားတွေ စောစောရောက်လာတယ်လို့ဘဲ တွေးလိုက်ပါတယ်.. တကယ် သတ္တိရှိပြီး ကိုယ့်လက်ဆွဲရဲသူက မရှိသလောက် ရှားပါတယ်” လို့ Reply ပြန်ထားတာတွေ့ရပါတယ်။

မထက်ဟာ မင်းသမီး၊ မင်းသား၊ မော်ဒန်နဲ့ အဆိုတော် စတဲ့ အနုပညာရှင်တော်တော်များများကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်ပြီး MRTV-4 က ထုတ်လွှင့်ပြသနေတဲ့  အစဉ်အစီမှာလည်း ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။