ယခုလို ငှက်အကောင်ပေါင်း ၃၀၀၀ခန့်ကို အမြဲအစာကျွေးနေသူကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့က Harsukh Bhai Dobariya ဆိုတဲ့ မြေပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။သူကတော့ ၂၀၀၀ ခုနှစ်လောက်တုန်းက သူဟာ ခြေထောက်ကျိုးခဲ့ပြီး အိပ်ယာထဲမှာ အမြဲနေခဲ့ရသူပါ။အိမ်နီးချင်းတစ်ယောက် ကောက်နှံတွေဝယ်လာတာကိုမြင်တော့ သူအကြံတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ကောက်နှံတချို့ကို လသာဆောင်မှာ ထားဖို့ပါ။ ကောက်နှှံတချို့ကို လသာဆောင်မှာထားပြီး စောင့်ကြည့်တဲ့အခါ ကြက်တူရွေးလေးတစ်ကောင်ဟာ သူထားထားတဲ့ကောက်နှံကိုစားနေတာကို မြင်တွေ့ရလို့ အလွန်ကြည်နူးခဲ့တယ်လို့ ဆိုပါတယ်။

နောက်နေ့တွေမှာလည်းကောက်နှံတွေကိုထားထားပေးတဲ့အခါ ကြက်တူရွေး၂ကောင် နောက် ၄ကောင် နောက်တဖြည်းဖြည်းများလာပြီး ရာဂဏန်းကျော်လာခဲ့ပါတယ်။ ကြက်တူရွေးတွေကို အစာကျွေးရတဲ့အတွက် သူအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းတွေအတွက်တော့ သူအစာကျွေးတဲ့ငှက်တွေဟာ များပြားလွန်းတာကြောင့် ဒုက္ခပေးသလိုဖြစ်နေပါတယ်။

ငှက်တွေကို အစာကျွေးချင်လွန်းတဲ့သူဟာ အိမ်နီးချင်းတွေကို စိတ်အနှောက်အယှက်မပေးလိုတာကြောင့် မြို့လယ်က အိမ်ကိုစွန့်ကာ မြို့စွန်မှာ ၄ဧက မြေကိုဝယ်ကာ လွတ်လွတ်လပ်လပ်ကျွေးပါတော့တယ်။အခုဆိုရင် သူ့ဆီလာစားတဲ့ ကြက်တူရွေးအကောင်ပေါင်း ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။