ပြင်းအား ၆.၁ အဆင့်ရှိ တဲ့ ပြင်းအားအသင့်အတင့်ရှိတဲ့ငလျင်တစ်ခု ဂျပန် နိုင်ငံ ဖူကူရှီးမား နျူးကလီးယား ဓာတ်ပေါငး်ဖို နဲ့ မိုင် ၁၇၅ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ပြင်းအား ရ.၁ အဆင့်ရှိတဲ့ ငလျင်တစ်ခု မက္ကဆီကိုနိုင်ငံမှာ လှုပ်ခတ် ခဲ့ပြီးနောက် နောက်ထပ်ငလျင်တစ်ခု ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းခြေ မှာ ထပ်မံလှုပ်ခတ်သွားပါတယ်။

အမေရိကန် နိုင်ငံ ဘူမိဗေဒလေ့လာရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခု ဖူူကူရှီးမား နျူးကလီးယား ဓာတ်ပေါငး်ဖို နဲ့ မိုင် ၁၇၅ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဒေသစံတော်ချိန် ၂း၃၀ အချိန်လောက်က လှုပ်ခတ်သွားပါတယ်။ မက္ကဆီကို နိုင်ငံ ကဲ့သို့ ဂျပန်နိုင်ငံ ဟာလည်း ငလျင်မကြာခဏ လှုပ်ခတ် တဲ့ ဒေသမှာ တည်ရှိပါတ

ဂျပန်နိုင်ငံ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ငလျင်ကြီး ကိုးခုလှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်ဆီမှာ လူပေါင်း ၁၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

Source: Business Insider

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။