ကုလသမဂ္ဂ အထွေထွေညီလာခံကိုတော့ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယင်းပွဲသို့တက်ရောက်ခဲ့သော ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ် ဟာစီနာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာပြည်ဘက်မှ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်လျက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်လာသော ဒုက္ခသည် ၄ သိန်း ၂ သောင်းခန့်ကို မြန်မာနိုင်ငံက ပြန်လည် လက်ခံပါရန် တောင်းဆိုချက်အသစ်အား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက အဆိုပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

ဖြစ်ပွားခဲ့သည့် အကျပ်အတည်းသစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားများ မြန်မာနိုင်ငံသို့ ပိုမိုပေးပါရန်လည်း ဝန်ကြီးချုပ် ဟာစီနာက “ကျွန်မတို့ မြန်မာကို ပြောပြီးပါပြီ။ သူတို့ဟာ ရှင်တို့နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့ကို ပြန်ခေါ်ရပါမယ်။ လုံခြုံစွာ ထားရပါမယ်။ အမိုးအကာ ပေးရပါမယ်။ ဖိနှိပ်ညှဉ်းပန်းတာတွေ မလုပ်ရပါဘူး”ဟု တွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ်ဟာစီနာက နယူးယောက်တွင် ပြောကြားခဲ့တာဖြစ်ပတယ်။

ဒုက္ခသည်များကို ပြန်လည် ခေါ်ယူရေးအတွက် မြန်မာကိုစည်းရုံးရန် သံတမန်ရေးဆိုင်ရာ အားထုတ်မှုများလည်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားထားပါသေးတယ်။ဒါပေမဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ရိုဟင်ဂျာတွေ (မူရင်းပြောဆိုသူ၏ အသုံးအနူန်း) ပြန်လာမှာကို ကာကွယ်တဲ့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ မိုင်းတွေ ထောင်နေပါတယ်”ဟုပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။