နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်နှင့် ထိုင်းမင်းသမီး ပါဝင်တဲ့ ဘန်ကောက်မှ မန္တလေးသို့ဇာတ်ကားဟာ မြန်မာနိုင်ငံမှာ အလွန်ခေတ်စားနေပါတယ်။ သို့သော် လည်း သူများဇာတ်ညွှန်းကို ကူးချထားတဲ့ ခိုးကူးတဲ့ ဇာတ်ကားဖြစ်နေသောအခါ.....

သူမရဲ့ အဘွား ရေးထားတဲ့ စာတွေကိုတွေ့ပြီး မြန်မာနိုင်ငံကိုရောက်လာတဲ့ ထိုင်းက ကောင်မလေး ကို အစ ပြုကာရိုက်ထားတဲ့ ဘန်ကောက်မှ မန္တလေးသို့ဟာ မြန်မာနိုင်ငံရဲ့ ခေတ်နှစ်ခေတ်ကို ယှဉ်ပြကာ ရိုက်ကူးထားတဲ့ ကားဖြစ်တဲ့အပြင် မြန်မာနိုင်ငံက နာမည်ကြီး သရုပ်ဆောင်တွေလည်းပါဝင်တဲ့ကားဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိနေခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၄ မတ်လ ထဲက ရိုက်ကူးထားကာ ဆင်ဆာ ရရန်စောင့်နေသည့် မုဒြာဟုခေါ်သည် 'Mudras Calling' ဆိုတဲ့ ဇာတ်ကားကို ကူးချထားတဲ့ကားလို့ဆိုပါတယ်။

ထိုဇာတ်ကားဟာ မြန်မာနိုင်ငံမှာ မွေးပြီး အမေရိကားမှာ ကြီးပြင်းလာတဲ့ Zenn ဆိုတဲ့သူဟာ သူ့မိဘတွေ ရှာဖို့ရယ် သူ့အတိတ်တွေကို ပြန်သတိရလာစေဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းနှင့် အစချီထားတာပါ။ မျက်နှာသစ် သရုပ်ဆောင်တွေသာ ပါဝင်သော ထိုကားဟာ ဘတ်ဂျက်နည်းနည်းနှင့် မြန်မာ လူငယ်တွေပေါင်းကာ ရိုက်ကူးခဲ့တဲ့ကားဖြစ်သလို နိုင်ငံတကာထိရည်ရွယ်ထားတဲ့ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

ထိုဇာတ်ညွှန်းကို ဘန်ကောက်မှ မန္တလေးသို့ ဇာတ်လမ်းနှင့် သွားတူနေတယ်လို့ ပြောထားပါတယ်။ ထိုပို့စ်တင်တဲ့သူဟာ 'ကျွန်မက မုဒြာ ဟုခေါ်သည်' ဆိုတဲ့ ဇာတ်ကားကို ထွေလာ တွေ့ကတည်းက ကြည့်ချင်နေခဲ့တာပါ။ ကျွန်မတို့ ပြည်တွင်းက နောက်ဆုံးတော့ ရုပ်ရှင်ကောင်းကောင်းရိုက်နိုင်တဲ့သူပေါ်လာပြီဆိုပြီးတော့ပေါ့။ ကျွန်မ က အဲ့ဒီရုပ်ရှင် ရဲ့ facebook က page ကိုလွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက တွေ့တာဆိုတော့ ဘာလို့ မပြသေးတာလဲဆိုပြီး ဒါရိုက်တာကိုမေးချင်ပေမယ့်လည်း ကျွန်မနှင့် မသိတဲ့အတွက်ကြောင် မေးခွင့်မရခဲ့ပါဘူး။

အခုတော့ နာမည်ကြီးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေသုံးထားပြီး မုဒြာဟုခေါ်သည် ကားရဲ့ ဇာတ်ကားကို ကူးချပြီး သူတို့ ကိုယ်ပိုင်လို့ ထင်အောင် ဟိုပြင်ဒီပြင်လုပ်ထားတဲ့ မကြာမီတင်တော့မယ့် အဲ့ဒီရုပ်ရှင်ကိုတွေလိ်ုက်ရပါတယ်။

သူတို့ကို တိုက်ရိုက်ကြီးထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နှင့်ပြောတာမဟုတ်ပေမယ့်လဲ ဒီလိုမျိူး အကွက်တွေသုံးပြီး အနုပညာကို အလွဲသုံးစားလုပ်တာလုံးဝ မကောင်းပါဘူး။ ဒါဟာ ပရိသတ်တွေကို လိမ်လည်ရာကျပါတယ်။ ဒီလိုမျိုး သူများ လုပ်ထားတာကိုကူးချပြီး မိမိကိုယ်ကို အနုပညာရှင်လို့ခေါ်နေတဲ့သူတွေ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်' ဆိုပြီးပြောထားပါတယ်။ (စီလျော်အောင် ဘာသာပြန်ထားတဲ့ အတွက် အဓိပ္ပာယ်လွဲနေခဲ့သည်ရှိသော် မူရင်းပိုင်ရှင်ရဲ့ စကားသာ အတည်ဖြစ်ပါတယ်)

ဘန်ကောက်မှ မန္တလေးသို့ ဇာတ်ကားလားလို့မေးထားတဲ့အခါမှာလဲ ဟုတ်တယ်ဆိုပြီးဖြေထားပါတယ်။ အချို့သူတွေကလည်း 'မုဒြာဟုခေါ်သည်' ဆိုတဲ့ ဇာတ်ကားဟာ အရင်တင်ထားတဲ့ အပြင် အထောက်အထားလည်း အပြည့်အစုံရှိတဲ့ အတွက် ဘန်ကောက်မှ မန္တလေးသို့ဇာတ်ကားဟာ ရှက်သင့်တယ်။ ဒီလိုမျိုး နာမည်ကြီးသရုပ်ဆောင်တွေကို အသုံးချကာ ပြည်သူတွေ အနုပညာချစ်တဲ့သူတွေကို လိမ်လည်တာ လုံးဝမကောင်းပါဘူးလို့ဆိုကြပါတယ်။ စာဖတ်သူတို့ ဝေခွဲတတ်စေရန် 'မုဒြာဟုခေါ်သည်' ဇာတ်ကားကို 'Mudras Calling' ဆိုတဲ့ ဖေ့ဘွတ် page မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ထိုဇာတ်ကားနှစ်ခုရဲ့ ထွေလာကိုလည်း ယှဉ်ကြည့်လို့ရအောင်လို့အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူက ဘာလဲဆိုတာတော့ ကိုယ်ဘာသာကိုကြည့်ပြီးဆုံးဖြတ်ပေါ့နော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။