ဒီဖြစ်စဉ်လေးကတော့ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက် မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူမှာ ဦးဖိုးကျားလမ်းနှင့်နတ်ရှင်နောင်လမ်းကြား အိမ်အမှတ်(၁၀၀)၌ ည(၁၀)နာရီ အချိန်ခန့်တွင် အမျိုးသမီးများသာရှိသောအိမ်သိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သက်ကြီးရွယ်အို အမျိုးသမီးသုံးဦးနေထိုင်သော အိမ်အတွင်းသို့ ဓားရှည်ကိုင်ဆောင်ထားသော လူငယ်တစ်ဦးမှဝင်ရောက်ငွေတောင်းရာ ဒေါ်ကျိင်ဆံ(သ)(၇၈)နှစ်မှာငွေမရှိကြောင်းပြောရာ ဒေါ်ကျိင်ဆံအားအသင့်ယူဆောင်လာသော ဓားရှည်နှင့်ခုတ်ရာ ဦးခေါင်းနောက်ပြရှဒဏ်ရာ(၁)ချက်၊နှဖူးပြတ်ရှဒဏ်ရာ(၁)ချက်၊ယာလက်ချောင်းများပြတ်ရှဒဏ်ရာများရရှိခဲ့တယ်လို့လည်းသိရပါတယ်။

နောက်ပြီး ဒေါ်ကျိင်ဆံ၏သမီးဖြစ်သူဒေါ်ခိုင်(သ)(၅၅)နှစ်မှာအော်သံကြားသဖြင့်လာရောက်စဉ် ဓားရှည်ကိုင်သူမှ ဒေါ်ခိုင်အား နောက်မှလိုက်ခုတ်ရာ နောက်ကျော ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့တယ်လို့သိရပါတယ်။သမီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းရာ ပြစ်မှု့ ကျူးလွန်သူမှာထွက်ပြေးလွှတ်မြှောက်သွားကြောင်းသိရှိရပြီး တရားခံ အမြန်ဆုံးဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့မှရှာဖွေစုံစမ်းလျက်ရှိကြောင်းသိရှိရပါတယ်။

သတင်းအရင်းအမြစ်-Nyi Nyi [email protected]

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။