အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ရေးကို တည်ဆောက်လို့မရပါဘူး။ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ ကိုယ့်ချစ်သူရဲ့ ကိုယ်ကျင့်တရားကောင်းဖို့ကလည်း အဓိကအချက်ပါပဲ။  ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိပေမယ့်လည်း ကိုယ်ကျင့်တရားနဲ့စိတ်ထားကောင်းဖို့ကတော့ အရေးကြီးလှပါတယ်။

(၁). အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ

(၂). မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး

ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး

ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ

(၃). ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မဝင်စားတတ်..

ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကိုစဉ်းစားဖြစ်သော မိန်းမ

(၄). အရာရာကို လွယ်လွယ်မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ

ထိုအသိဉာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ

သားသမီးများအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ

(၅). ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..

ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း

ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ

နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘဝရောက်ရောက်

ပေါင်းသင်းမည့် မိန်းမ

(၆). မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ..ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ

(၇). အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို

စီမံခန့်ခွဲနိုင်မှု သားသမီးများအား ကြင်နာယူစွာအုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအားကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ

(၈). ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ

(၉). အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် ..

အိမ်အလည်အပတ်များခြင်း အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝတ္ထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပို၍စိတ်ပါ၀င်စားမှု မရှိသော မိန်းမ

(၁၀). ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ

<<ရှိတော့ရှိတယ် ရှားပါးတယ်။ ရှားတဲ့အထဲ မိမိသာပါဝင်ပါစေ..

ရတနာရှိရာ ရတနာလာပါတယ်။>>

Source : (#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။